Chapter 56

2.1K 466 18
                                    

ရုတ်တရက်ထွက်ပေါ်လာတဲ့လက်ဝါးဖြင့်ရိုက်သံကြောင့် အစတည်းက မသက်မသာဖြစ်နေတဲ့ဧည့်ခန်းထဲက လေထုက ပရမ်းပတာနဲ့မျက်နှာပူစရာအခြေအနေကို တဟုန်ထိုးရောက်ရှိသွားခဲ့သည်။

နန်ဟွိုင်လင်ရဲ့ မျက်ဝန်းက မျက်ရည်တွေ ဝေ့သီလာကို ဖေ့ချန်တွေ့လိုက်ရတာနဲ့ တစ်ချိန်မှာပဲ သူ့နှလုံးသားကလည်း ကိုက်ခဲလာခဲ့သည်။ ဖေ့ချန် သူ့လက်ထဲက လူသားလေးကို ကာကွယ်ထားရင်း သူ့ခန္ဓာကိုယ်ကို အသာအယာလှည့်ကာ နန်ဇွင်းရှန်ဆီသို့ ပြုံးကာ မေးလိုက်သည်။

" အဖေ..အာ..မှားလို့..အန်ကယ်..လက်က အဆင်ပြေတယ်မလား? "

ထိုစကားကိုကြားတော့ နန်ဇွင်းရှန် စိတ်ထဲကနေ တကယ်ပဲ ကျိန်ဆဲလိုက်မိတယ်။ ဒီခွေးသားလေးကတော့! ဒီခေါင်းက သောက်ရမ်းမာတာပဲ..ငါ့လက်ကောက်ဝတ် နာသွားပြီ!

နန်ဇွင်းရှန်က လက်သီးကို အသာအယာပြန်ဆုပ်ကာ မျက်နှာထားတင်းတင်းနဲ့ ပြန်ပြောလာသည်။ " မင်းကို စကားပြောခွင့်ပြုထားလို့လား..ထွက်သွားစမ်း ငါ့ရှေ့က! "

" ဒါ ဘာလုပ်နေတာလဲ? ရှင် ဒေါသမထွက်ဖို့ ကျမတို့ သဘောတူထားတယ်လေ! " ကန်းရှောင်ရုံက သူမယောက်ျားလက်ကို ဆွဲယူကာ ငိုသံပါသောအသံဖြင့် ဆိုလာ၏။ " သားကတောင် စကားတစ်လုံးမှ မပြောရသေးဘူး..ရှင်က ဆီးရိုက်တော့တာပဲ..နောက်တစ်ခါ သူ့အိမ်ကို ဘယ်တော့မှ ပြန်မလာတော့ရင် ဘယ်လိုလုပ်မလဲ..ရှင်လိုချင်တာ အဲ့တာလား? "

" ဟုတ်တယ်..ဇွင်းရှန် " နန်ဟွိုင်လင့်အန်တီကပါ ထောက်ခံလာ၏။ " အေးအေးဆေးဆေး အကျိုးသင့်အကြောင့်သင့် ပြောကြတာပေါ့..လင်းလင်းကလည်း ကလေးမဟုတ်တော့ပါဘူး..ဘယ်လိုကြောင့် ရိုက်ပြီးဆုံးမရမှာလဲ? ပြီးတော့ ဒီမှာတခြားလူတွေလည်း ရှိသေးတယ်လေ "

နန်ဟွိုင်လင့်အန်တီ၏ ဝိုင်းဝန်းပြောဆိုမှုကြောင့် နန်ဇွင်းရှန်က ဖေ့ချန်နောက်မှာ မတ်တပ်ရပ်နေတဲ့သူ့သားကို အချိန်အတော်ကြာစိုက်ကြည့်ပြီး ဒေါသသံမပြယ်သေးဘဲ ခေါ်ဆိုလာ၏။ " ဒီကိုလာခဲ့! "

သူ့အဖေက ဒီလောက်ကြီးထိ စိတ်တိုနေလိမ့်မယ်လို့ နန်ဟွိုင်လင် ထင်မထားခဲ့ပေ။ သူ့အဖေစိတ်တိုတာ​ကို နောက်ဆုံးတွေ့ခဲ့ဖူးတဲ့အချိန်က သူ့ရဲ့တက္ကသိုလ်ဒုတိယနှစ်မှာ ရှစ်ယန်နဲ့တွဲနေတာကို သိသွားတုန်းကဖြစ်သည်။ သူ နဲနဲတော့ စိတ်မကောင်းဖြစ်မိပြီး အပြစ်ရှိသလို ခံစားလာရသည်။ သူ့ကိုယ်သူ သူရဲဘောကြောင်တဲ့သူတစ်ယောက်မဖြစ်ဖို့ သတိပေးခဲ့ပေမယ့် ခေါင်းကြောမာတဲ့သူတစ်ယောက်အဖြစ်လည်း သူမလုပ်နိုင်ပေ။ သူ့ရဲ့ချစ်သူကို ကာကွယ်ပေးဖို့လိုသလို သူ့မိဘတွေကိုလည်း ထပ်ပြီး မနာကျင်စေချင်တော့ပေ။

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now