Chapter 43

2.4K 484 21
                                    

နန်ဟွိုင်လင် အိမ်ပြောင်းသည့်နေ့တွင် မိုးတွေက အငြိုးကြီးစွာ ရွာသွန်းနေခဲ့သည်။ သူ့တွင် ယူစရာပစ္စည်းများများစားစားမရှိတာကြောင့် Luggageတစ်ခုရယ် ကျောလွယ်အိတ်တစ်ခုနဲ့ပင် လုံလောက်နေပြီဖြစ်၏။ သူနဲ့အတူ ယူမလာခဲ့တဲ့ တစ်ခုတည်းသောအရာဆိုလို့ ဘရာဇီးနဂါးရိုးပင်လေးပဲ ရှိသည်။

ဖေ့ချန်က သူကိုယ်တိုင် ကားမောင်းပြီး လိုက်ပို့ပေးခဲ့သည်။

တစ်လျှောက်လုံးလည်း မည်သူ့မှ စကားမပြောတာကြောင့် ကားတစ်ခုလုံးက တိတ်ဆိတ်နေခဲ့၏။

ထိုအချိန်မှာ နန်ဟွိုင်လင့်စိတ်ထဲတွင်တော့ အပြင်ဘက်က မိုးသံတွေလိုပဲ တိတ်ဆိတ်မှုထဲမှာ ပွတ်လောညံနေ၏။

သူ နေမည့်နေရာကိုရောက်တော့ ဖေ့ချန်က တစ်ချက်ဝေ့ကြည့်ပြီး ပြောလာ၏။ " နေရာက မဆိုးပါဘူး "

" ကျတော် တစ်ယောက်ထဲနေမှာဆိုတော့ ကျတော့်အတွက်တော့ ကောင်းလွန်းနေပါပြီ "

ဖေ့ချန်က ခေါင်းညိမ့်ပြသည်။ " ဒါဆိုလည်း အထုပ်တွေ နေရာချတော့လေ..ကိုယ် သွားတော့မယ်...အလုပ်ရှိသေးလို့ "

ခင်ဗျား သွားတော့မှာလား? ဘာလို့ နဲနဲကြာအောင် ထပ်မနေတာလဲ?

တကယ့်လက်တွေ့တွင်တော့ နန်ဟွိုင်လင် ဘာမှမပြောတော့ဘဲ ဖေ့ချန်ကို တံခါးဆီသို့ တိတ်ဆိတ်စွာ လိုက်ပို့လိုက်သည်။ တစ်ယောက်က တံခါးအပြင်မှာ ရပ်နေကာ နောက်တစ်ယောက်က အတွင်းမှာ ရပ်နေပြီး မျက်နှာချင်းဆိုင်ထားကြရင်း တိတ်ဆိတ်နေကြ၏။ တော်တော်ကြာမှ ဖေ့ချန် စကားလိုက်သည်။

" ကိုယ် မင်းဆီကို မလာတော့ဘူး "

နန်ဟွိုင်လင်, " ......ဟမ် "

" မင်း ကိုယ့်ကို အရင်ဆုံး ချစ်တယ်လို့ မပြောမချင်း.. "

နန်ဟွိုင်လင်ဆီက တိတ်ဆိတ်မှု ထွက်ပေါ်နေဆဲဖြစ်သည်။

ဖေ့ချန်က လက်မြောက်ကာ နန်ဟွိုင်လင့် မေးစေ့ကို လက်နှစ်ဖက်နဲ့အတူ ဆွဲမလာ၏။

" ကိုယ် သွားပြီ "

ဖေ့ချန်၏ နောက်ကျောကိုကြည့်ရင်း နန်ဟွိုင်လင် ထိုသူ့နောက်ကို လိုက်ဖို့ကြိုးစားလိုက်ပေမယ့် သူ့ခြေထောက်တွေက ကျောက်ချထားသလိုပဲ လှုပ်၍မရခဲ့ပေ..ဓာတ်လှေကားတံခါး၏ ပွင့်သွားသံနှင့်အတူ ပိတ်သွားသံကို ကြားလိုက်ပြီး တံခါးဝတွင် ခနရပ်ကာ စိတ်ပျက်လက်ပျက်နှင့် တံခါးကို ပြန်ပိတ်လိုက်သည်။

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now