Chapter 20

3K 609 14
                                    

Uni

နန်ဟွိုင်လင် အချိန်တော်တော်ကြာအောင်စဥ်းစားပြီးမှ ကောင်းထန်က ဘယ်သူလဲဆိုတာ သတိရသွားတယ်။

"အခု ငါ ဘယ်သူလဲဆိုတာ မင်းမှတ်မိပြီလား?" ကောင်းထန်က အအေးဓာတ်တွေလွှမ်းမိုးနေတဲ့ အသံနဲ့မေးတယ်။

နန်ဟွိုင်လင်ခေါင်းညိမ့်လိုက်တယ်။ "ကျတော့်လက်ကို အရင်ဆုံးလွှတ်ပေးနိုင်မလား?"

ကောင်းထန်က လွှတ်မပေးဘဲ သူ့ရဲ့ခေါင်းကို မသိမသာစောင်းလိုက်ကာ နန်ဟွိုင်လင်ကို စူးစိုက်ကြည့်နေတယ်။ သူ့ရဲ့မျက်လုံးတွေက ကြမ်းတမ်းစူးရှမှုတွေနဲ့ ပြည့်နှက်နေကာ သိမ်းငှက်တစ်ကောင်က သူ့ရဲ့သားကောင်ကို စူးစိုက်ကြည့်နေသလိုမျိုးပဲ။ အဲ့ဒီအကြည့်တွေက နန်ဟွိုင်လင်ကို နေရထိုင်ရတာ မသက်မသာဖြစ်စေတယ်။ နန်ဟွိုင်လင် စိတ်နဲ့ကိုယ်နဲ့မကပ်ဘဲ ကောင်းထန်ရဲ့အကြည့်တွေကို ရှောင်ဖို့ကြိုးစားနေပေမယ့် တစ်ဖက်မှာလည်းဟန်လုပ်ပြီး တည့်တည့်ရင်ဆိုင်ကြည့်ဖို့ သူ့ကိုယ်သူ တွန်းအားပေးနေမိတယ်။ ကောင်းထန်က သူ့ရဲ့နှုတ်ခမ်းကို ပင့်ပြီးပြုံးနေတော့ အဲ့ဒီအပြုံးမှာ လှောင်ရိပ်တွေ စွန်းထင်းနေတယ်။

"မင်းက ဒီမှာ အလုပ်လုပ်တာပေါ့?"

"ဟုတ်ကဲ့"

ရုတ်တရက် ကောင်းထန်က သူ့ရဲ့လက်ကို လွှတ်လိုက်တယ်။

"ငါ့အတွက် Louis XIIIတစ်ပုလင်း ယူလာခဲ့"

နန်ဟွိုင်လင် ခနလောက် ကြောင်နေပြီးမှ "ဟုတ်ကဲ့"လို့ ပြောကာ ထွက်သွားဖို့ လှည့်လိုက်တယ်။

"နောက်ငါးမိနစ်နေလို့မှ မင်း ပြန်မလာရင် ဒီသီချင်းဆိုတဲ့ဘားကို ငါ ဖျက်ဆီးပစ်မယ်"

နှစ်စက္ကန့်လောက် ဘာသံမှမထွက်နိုင်ဘဲ နန်ဟွိုင်လင်ရပ်နေမိတယ်။ ခနနေမှ တံခါးကိုဖွင့်ကာ အပြင်ထွက်လာလိုက်တယ်။

အခန်းအပြင်ဘက်လမ်းမှာ ကောင်းထန်ရဲ့ သူငယ်ချင်းတွေနဲ့ ပြည့်ကျပ်နေတယ်။ သူတို့က နန်ဟွိုင်လင်ထွက်လာတာကိုမြင်တဲ့အခါ အထူးအဆန်းလို လိုက်ကြည့်နေကြတယ်။

ရှုပ်ထွေးတဲ့ခံစားချက်တွေနဲ့အတူ ခေါင်းငုံ့ကာ နန်ဟွိုင်လင် သူတို့ကို ဖြတ်ကျော်သွားလိုက်တယ်။

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now