Chapter 51

2.5K 538 9
                                    

ပေကျင်းကနေ လေယာဥ်ပေါ်တက်တုန်းက ရာသီဥတုက သာသာယာယာရှိပေမယ့် လင်ချမ်းကို လေယာဥ်ဆိုက်ရောက်တော့ ရာသီဥတုက လေထန်ပြီး မိုးသည်းနေတယ်

ကားထဲမှာထိုင်ကာ မုန်တိုင်းကြားထဲက မရင်းနှီးတဲ့မြို့လေးကို ငေးကြည့်နေမိရင်း ရုတ်တရက် Hengdianမှာ သူနှင့်ဖေ့ချန် မိုးရွာထဲ ထီးတစ်လက်ကို အတူတူဆောင်းရင်း လမ်းလျှောက်ခဲ့ကြတဲ့အချိန်လေးကို ပြန်လည်အမှတ်ရလာမိတယ်..အဲ့တုန်းက ဖေ့ချန်က ထီးကိုသူ့ဘက်ဘဲ အတင်းစောင်းထားတာကြောင့် သူက မိုးလုံးဝစိုမသွားဘဲ ဖေ့ချန်ကပဲ ရွှဲစိုကုန်တာ

သူ ဖေ့ချန်ကို လွမ်းဆွတ်မှုက ထုထည်အများကြီးရှိတာမို့ ဘယ်နားကိုပဲကြည့်ကြည့် အဲ့အတွေးတွေဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်းကို နန်ဟွိုင်လင် ရှာနိုင်တယ်

" ယူနန်ကိုရောက်ဖူးတာ ဒါ ပထမဆုံးပဲ " မိန်ထျန်းကျူးက ဖုန်းနဲ့ဓာတ်ပုံရိုက်ရင်း ပြောနေသည်။ " ပြီးတော့ ဒီနေရာလေးက အရမ်းလှတာပဲ "

" အင်း..လှတယ် " နန်ဟွိုင်လင် စိတ်လွတ်နေတာကြောင့် သတိမထားမိဘဲ ပါးစပ်ကနေ သူ့ဘာသာပဲ ပြန်ဖြေမိလိုက်သည်။

မိန်ထျန်းကျူ ဓာတ်ပုံတွေရိုက်ပြီး ထိုပုံတွေကို သူ့မအကောင့်မှာ တင်ကာ ဖုန်းကိုပြန်ချလိုက်ပြီးနောက် သူမမျက်လုံးက နန်ဟွိုင်လင့်ဘယ်ဖက်လက်က ဝတ်ထားတဲ့ လက်စွပ်လေးဆီကို အကြည့်ရောက်သွားမိသည်။

" လက်စွပ်က တော်တော်လေး ထူးခြားတာပဲ..ဘာနဲ့လုပ်ထားတာလဲ? "

ရုတ်တရက် နန်ဟွိုင်လင့်ရင်ဘတ်တွေတင်းကျပ်သွားရကာ သူ ပြန်မဖြေခင် ခနလောက်ထိ တုံ့ဆိုင်းနေမိသည်။

" သာမန်ကျောက်လေးပါ "

" ဘယ်သူ့ဆီက (ဝယ်တာ)လဲ? "

" အမ်...." နန်ဟွိုင်လင် ရင်ထဲမှာ အချိုတွေရောအခါးတွေရော ရောပြွန်းသလိုဖြစ်နေတာမို့ ထိုအသံ တိုးဖျဖျသာ ထွက်ပေါ်သွားရသည်။

ထိုအခါ မိန်ထျန်းကျူက ဆက်ပြောလာ၏။

" ဒါနဲ့...အဲ့လက်စွပ်ကို မင်းလက်သကြွယ်မှာ စွပ်ရအောင်လောက်ထိ မင်း အသိမရှိတာတော့ မဟုတ်ဘူးမလား? တခြားသူတွေ တွေ့သွားရင် သူတို့အတွက် တွေးစရာဖြစ်နေလိမ့်မယ် "

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now