chapter 5

3.5K 672 6
                                    

Uni

Shen Chong သွားနေကျဘားက ပုံမှန်အားဖြင့် အဆင့်နိမ့်တဲ့ ဘားမဟုတ်ဘူး။ ဒီဘားမှာ ပိုက်ဆံဖြုန်းဖို့ လာကြတဲ့သူတွေ အကုန်လုံးလိုလို ချမ်းသာကြတယ်။ ဒါကြောင့် သူတို့က စတားတစ်ယောက်ကို မြင်လိုက်ယုံနဲ့ ဝိုင်းအုံလာကြမှာ မဟုတ်ဘူး။ ဒါပေမယ့် Fei Chengနဲ့ သူက ထိုင်စကားပြောဖို့ တိတ်တိတ်ဆိတ်ဆိတ်ရှိမယ့်နေရာတစ်ခုကို ရှာလိုက်တယ်။

အချိန်က နေ့လည်လောက်ပဲရှိသေးတော့ သူတို့နှစ်ယောက်က စားစရာတစ်မျိုးမျိုးနှင့် ဝိုင် ပဲမှာလိုက်တယ်။ ဝိတ်တာလည်း ထွက်သွားရော Fei Cheng က များများမစဥ်းစားဘဲ Shen Chong ကိုမေးလာတယ်။

"မင်း ဘယ်ကောင်လေးနဲ့ အတူအိပ်တာလဲ?"

"ငါဘာပြောပြော မင်းကတကယ်ကြီး ယုံမှာလား? မင်းအမေရိကမှာ နှစ်တော်တော်ကြာနေခဲ့တာလေ။ ဘာလို့များ အခုထက်ထိ အရမ်းဖြူစင်နေရတာလဲ?" Shen Chong က ရယ်ပြီးပြောတယ်။

Fei Cheng,နေကာမျက်မှန်ကနေ သူ့ကို တည့်တည့်ကြည့်လာပြီးပြောတယ်။

"အဲ့တစ်ယောက်က ငါ့အစ်ကိုတော့ မဟုတ်ဘူးမလား?"

"မင်းအစ်ကိုနဲ့? ငါ့ကို အရူးများမှတ်နေလား? မင်း တော်တော်ကို ရယ်ရတာပဲ"

Fei Chengက သူ့ရဲ့ နှုတ်ခမ်းဒေါင့်စွန်းကို နည်းနည်းကွေးပြီး ပြောတယ်။ "အရင်နှစ်တွေတုန်းက ငါ့အစ်ကို ချစ်ခဲ့ဖူးတဲ့သူရှိလား?"

Shen Chongက စိတ်မဝင်စားတဲ့ပုံနဲ့ ပုခုံးတွန့်ပြီး ပြောတယ်။ "ငါမသိဘူး။ ငါသူ့အကြောင်း သိပ်မသိဘူး။ မင်းရော ဘယ်လိုလဲ? အမေရိကန်က လူတွေက အရမ်းပွင့်လင်းတယ်။ မင်းရဲ့ အိပ်ယာပေါ်က စကီလေးတွေနဲ့ မင်းဘဝကြီးသာယာနေတာမလား?"

"အမေရိကန်ကလူတွေက ငါ့ရဲ့ဒီလိုပုံစံကို မကြိုက်ဘူး"

"ဘယ်သူကများ အဲ့လောက်ရူးနေကြတာလဲ? ငါကတော့ မင်းပန်းသေနေတာလို့ပဲထင်တယ်, တကယ်လား?"

Fei Cheng က သူ့မျက်ခုံးတွေကို ပင့်ပြတယ်။ ဘယ်မှတော့ဆက်မပြောဘူး။

Shen Chong နှစ်ခါစုတ်သတ်လိုက်တယ်။ "မင်းလည်းမင်းအစ်ကိုနဲ့ အတူတူပဲ။ အရမ်းကောင်းတဲ့ အသားအရည်လေးတွေကို ဖြုန်းတီးပစ်နေကြတယ်။ ဟေး.......မင်းတို့မျိုးရိုးမှာ ပြဿနာတစ်ခုခုများ ရှိနေတာလား,ဟင်? မျိုးရိုးဗီဇနှင့်ဆိုင်တဲ့ ဆေးစစ်ချက်လေးတွေ မင်းလုပ်ကြည့်သင့်တယ်နော်"

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now