Chapter 41

2.1K 443 10
                                    

" ခင်ဗျား ဘာလို့ အလုပ်စောစောဆင်းလာရတာလဲ? " နန်ဟွိုင်လင် မမေးဘဲ မနေနိုင်တော့ပေ..." လေးနာရီတောင် မထိုးသေးတဲ့ဟာကို "

ဖေ့ချန်က ဖိနပ်လဲစီးနေရင်း ပြောလာ၏။

" ကိုယ့်အကို ဒီမှာမရှိတော့ ကိုယ်က သူဌေးပဲလေ...ကိုယ် အလုပ်စောစောဆင်းချင်လို့ ဆင်းတာကို ဘယ်သူက တားရဲမှာလဲ? "

နန်ဟွိုင်လင်, " ........ "

ဖေ့ချန်က ခေါင်းလှည့်ကာ သူ့ဆီကြည့်လာ၏။ " မင်းပြောတော့ လုပ်စရာရှိတယ်ဆို....မင်း ရယ်စရာ ပြောခဲ့တာလား? "

" အာ... " နန်ဟွိုင်လင် ပြုံးရယ်ကာပြောလိုက်သည်။ " ခင်ဗျားအတွက် ကျတော်က ဟင်းပွဲအကြီးကြီးပြင်ဆင်ပြီးတော့ စပရိုက်တိုက်မလို့ဟာကို.... ခင်ဗျားက အခုလို အစောကြီးပြန်လာမယ်လို့မှ ထင်မထားတာ...အဲ့တာ ကျတော် အခုထိ မစရသေးဘူး..ဟီး.. "

ဖေ့ချန်လဲ အတူတူလိုက်ရယ်မိသည်။

" အခုစလို့လဲ နောက်မကျသေးပါဘူး...ကိုယ်ရော ကူပေးမယ်လေ "

" နဲနဲ စောနေသေးတယ်လို့ မထင်ဘူးလား ဟင်? ခင်ဗျားက ဆာနေပြီလား? "

" အင်း...ကိုယ် အရမ်းဆာနေပြီ "

အဲ့တာဆိုလဲ စကြတာပေါ့..

ဖေ့ချန် ဝိုင်းကူပေးချင်ပေမယ့် သူ လုပ်တက်တာ ဘာမျှမရှိချေ..အရွက်တွေ ဆေးပေး ပန်းကန်တွေချပေးပြီးနောက် နန်ဟွိုင်လင်က သူ ဘာမျှမလုပ်တက်ဘူးဆိုတာကို သိသွားကာ မီးဖိုချောင်ထဲကနေ သူ့ကို မောင်းထုတ်လာတော့၏။

ဖေ့ချန် ဝေးဝေးမသွားဘဲ ထမင်းစားခန်းထဲက ထိုင်ခုံပေါ်ထိုင်ကာ ဖုန်းသုံးနေသလိုလိုနဲ့ တကယ်က နန်ဟွိုင်လင်၏ snapပုံတွေကို ခိုးရိုက်နေတာဖြစ်၏။ အရင်က နန်ဟွိုင်လင်က ဆွဲဆောင်မှုပဲ ရှိခဲ့တာဆိုပေမယ့် အခုကျတော့ ထင်ပေါ်နေတဲ့အဆင့်ကို ရောက်ရှိနေပြီဖြစ်သည်။ မီးဖိုချောင်ထဲမှာ အေပရွန်ဝတ်ပြီး အဆီတွေ အငွေ့တွေနဲ့ရောနေတာတောင်မှပဲ နန်ဟွိုင်လင်က အရမ်းတောက်ပနေတာကြောင့် ဖေ့ချန် အကြည့်မလွဲနိုင်တော့ပေ။

အခုချိန်မှာ ဖေ့ချန် ဘာမှကို မလုပ်ချင်တော့ဘူး...ဒီတိုင်လေးပဲ နန်ဟွိုင်လင်ကို တိတ်တိတ်လေးထိုင်ကြည့်ချင်တော့၏။ စိတ်ထဲမှာလဲ ကာဗွန်ထည့်ထားတဲ့အရည်တွေလိုပဲ အလုံးလေးတွေနဲ့ ပြည့်နေတော့သည်...

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now