Chapter 39

2K 461 9
                                    

အလုပ်တွေက တစ်ခုပြီးတစ်ခုရှိနေတာကြောင့် အချိန်တွေကလဲ ဆက်တိုက်ဆိုသလိုဖြစ်နေ၏။

သြဂုတ်လရောက်တဲ့အခါမှာ ကြယ်နိုင်ငံရဲ့ရှုတင်တွေက ပြီးဆုံးဖို့ နီးကပ်လာပြီဖြစ်သည်။ သရုပ်ဆောင်တွေ တစ်ယောက်ပြီးတစ်ယောက် ရိုက်ကူးလို့ပြီးဆုံးသွားတဲ့နောက်မှာ နန်ဟွိုင်လင်ကလည်း သရုပ်ဆောင်ဖို့ နောက်ဆုံးဇာတ်ဝင်ခန်းတစ်ခုသာ ကျန်ရှိတော့သည်...ဒီဟာပြီးပြီဆိုရင်တော့ သူ ပေကျင်းကိုပြန်လို့ရပြီ

ရှန်ချုန်းအတွက်တော့မသိဘူး..သူကတော့ အကောင်းဆုံးပြင်ဆင်ထားတဲ့အတွက်ကြောင့် သူ အခက်အခဲမရှိ ရိုက်ကူးနိုင်မယ်ဆိုတာ ယုံကြည်ချက်အပြည့်ရှိတယ်

ထိုနေ့မှာ ရှန်ချုန်းရဲ့သရုပ်ဆောင်စကေးတွေက ဒီလောက်ထိ ခံစားချက်အပြည့်ရှိနေလိမ့်မယ်လို့ သူမမျှော်လင့်ထားခဲ့ဘူးပေ..သူတို့နှစ်ယောက် အတူတူအကောင်းဆုံးသရုပ်ဆောင်ကြရင်း တကယ်ပဲ နောက်ဆုံးဇာတ်ဝင်ခန်းကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။

အမှန်ဘက်ရပ်တည်တဲ့သူတွေနဲ့ နတ်ဆိုးတို့ရဲ့ အဆုံးသတ်တိုက်ပွဲမှာ လုကျင့်ချင်းက လုကွမ်းလန်ဆီကျရောက်လာမဲ့ သေစေနိုင်တဲ့အတွင်းအားတစ်ခုကို သူက အစားထိုးဝင်ခံကာ ထိုတိုက်ပွဲမှာပဲ သေဆုံးသွားခဲ့သည်။

လုကျင်းချင်းသေဆုံးသွားစဥ်မှာ သူ့အကိုပေါ်ထားတဲ့ အမုန်းတွေ အညိုးတရားတွေကလည်း ကွယ်ပျောက်နေပြီဖြစ်တယ်...လုကွမ်းလန်က သေနေတဲ့သူ့ညီကို ထွေးဖက်ထားရင်း မျက်ရည်များက မိုးရွာသလို စီးဆင်းနေတော့သည်။

" အကို...." လုကျင့်ချင်းက သူ့ရဲ့နောက်ဆုံးလက်ကျန် အားလေးနဲ့ အသက်လုရှုနေတဲ့ကြားက သူ့အကိုရဲ့ မျက်နှာကိုထိဖို့ လက်ကို အသာအယာ​ ပင့်တင်လာခဲ့သည်။ " မငိုပါနဲ့..."

လုကွမ်းလန်က စီးကျနေဆဲဖြစ်သည့်မျက်ရည်များကြားမှ ပြုံးပြလာတယ်

" အကို မငိုပါဘူး....အကို အရမ်းပျော်လို့ပါ..အကို့ရဲ့ ..ကျင့်ချင်းလေး...နောက်ဆုံးတော့ အကိုရဲ့ကျင့်ချင်းက အကို့ဘက်ပြန်ရောက်လာခဲ့ပြီပဲ.."

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now