chapter 14

3K 639 18
                                    

Uni

နန်ဟွိုင်လင် ခေါင်းတွေ မူးနောက်စွာနဲ့ အိပ်ယာက နိုးလာသည်။

သူ့ရဲ့လည်ချောင်းက ခြောက်သွေ့ပြီး စူးဝါးနာကျင်နေပြီး ခေါင်းကိုက်တာကလည်း တော်တော်ကို ဆိုးဝါးလှသည်။ ပေါက်ကွဲထွက်လုနီးပါးပဲ...လက်မြောက်ပြီး သူ့ရဲ့နဖူးကို စမ်းကြည့်တဲ့အခါ အဲ့ဒါက မီးလိုပဲ ပူတောက်နေတယ်။ မနေ့က ဆေးရုံမှာဆေးသွင်းပြီးတော့ အဖျားတွေအကုန်လုံးသက်သာသွားပြီလေ၊ ဒါကို ဘာလို့ တစ်ရေးနိုးတဲ့အခါမှာ ထပ်ပြီးတော့ ပိုဆိုးလာတာလဲ?

ဒါက တကယ်ကို ထူးဆန်းတယ်။

အိပ်ယာပေါ်ကနေ ထထိုင်လိုက်တဲ့အခါ ရုတ်တရက် မျက်လုံးတွေပြာလာပြီး အရမ်းမူးဝေလာတာကြောင့် တည်တည်ငြိမ်ငြိမ်ပြန်ဖြစ်သွားအောင် ခနလောက် နားလိုက်ရသည်။ သူ အိပ်ယာအပြင်ဘက်ကိုရောက်ဖို့ ကြိုးစားပြီးထလိုက်ပေမယ့် မတ်တပ်ရပ်ဖို့တောင် အနိုင်နိုင် သူ့ရဲ့ခြေထောက်တွေက အရမ်းအားနည်းနေ၏။

ဒီလိုဆိုးဝါးတဲ့ အခြေအနေမှာတောင် သူအလုပ်လုပ်ဖို့ သွားရဦးမယ်။

တိတိကျကျပြောရမယ်ဆိုရင် ဒီနေ့က သူအလုပ်လုပ်တဲ့ ဒုတိယမြောက်နေ့ပဲ ရှိသေးတာ။ ဆိုတော့ သူ ခွင့်ယူလို့မရနိုင်ဘူးလေ။

(T/N ဒုတိယနေ့ဆိုတာလေ Fei Zhengမရောက်ခင်က ရက်တွေကို အစမ်းအလုပ်သမားအနေနဲ့ ခန့်ထားလို့ မယူတာပါ)

ဘယ်လောက်ပဲ ခက်ခဲနေပါစေ အရှုံးမပေးဘဲနဲ့ စိတ်အားနည်းစရာတွေ မတွေးရုံဘဲပေါ့။

လည်ချောင်းနာတာကြောင့် နန်ဟွိုင်လင်ဘာမှမစားနိုင်ဘူး။ ဒါကြောင့် သူ ပဲနို့တစ်ခွက်ထဲကို အသင့်ဖျော်ကော်ဖီ နည်းနည်းရောထည့်ကာ မွှေပြီး ခနပစ်ထားလိုက်တယ်။ အဲ့တာကြောင့် သူ ဆေးကြောသန့်စင်ပြီးတဲ့အချိန်မှာ ပဲနို့နဲ့ကော်ဖီက သင်တော်တဲ့အပူချိန်မှာ ရောနှောနေပြီ။ သူ အဲ့တာကို တစ်မော့တည်းသောက်ပစ်လိုက်တယ်။ ဒါက ဗိုက်ပြည့်သွားစေပြီး အားအင်လည်းပြည့်လာသလိုပဲ။

နန်ဟွိုင်လင် ပထမဆုံး ဆေးပေးခန်းသေးသေးလေးဆီကို သွားပြီး အဖျားကျဆေးထိုးလိုက်တယ်။ ပြီးတော့ တက္ကဆီတစ်စီးကို ငှားလိုက်တယ်။ သူ့ရဲ့ အခုလို ရုပ်ပိုင်းဆိုင်ရာ အခြေအနေနဲ့ မြေအောက်ရထားတိုးစီးဖို့ မဖြစ်နိုင်ဘူး။ သူ ပြိုလဲကျသွားမှာ ကြောက်ရတယ်။

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now