Chapter 50

2.6K 544 16
                                    

နန်ဟွိုင်လင် တစ်ညလုံးမအိပ်ဘဲ အရင်နေ့ နေ့လည်ကတည်းက နောက်နေ့မနက်10နာရီထိုးတဲ့ထိ ဖေဖေဆိုတဲ့ဇာတ်ညွှန်းကိုတစ်ထိုင်တည်းဖတ်နေလိုက်တယ်။

ဖတ်ပြီးသွားတော့ ဒီဇာတ်ကောင်ကို သရုပ်ဆောင်ဖို့က အရမ်းကို စိန်ခေါ်မှုတွေများဆိုတာ သူသိလိုက်ရတယ်။

'ဖေဖေ'ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်တွေက အဖေနှင့် သူ့ရဲ့မွေးစားထားတဲ့သားဖြစ်တယ်။ အဖေရဲ့နာမည်က ချန်ပုဖြစ်ပြီး အသက်သုံးဆယ့်ကိုးနှစ်ရှိကာ မွေးစားသားက အသက်နှစ်ဆယ်ရှိတဲ့ ချန်ချီဖြစ်တယ်။ သူတို့က ယူနန်နှင့်ဗမာပြည်နယ်စပ်မှာရှိတဲ့ သေးငယ်ပြီး ပျက်စီးနေတယ်လို့ပြောလို့ရတဲ့မြို့ပျက်တစ်ခုမှာ နေကြတာဖြစ်တယ်။ အေးချမ်းသာယာဖွယ်ဘဝလေးလို့ထင်ရပေမယ့် တကယ်တော့ ဒုစရိုက်မှုတွေ၊ လူသတ်မှုတွေ၊ မူးယစ်ဆေးတွေ၊ လိင်လုပ်သားတွေ၊ လိမ်ညာမှုတွေနဲ့ပြည့်နေတဲ့ နေရာသာဖြစ်တယ်။  သို့သော် ထိုအရာများတွင် တဏှာရာဂပေါက်ပွားမှုတွေ၊ ချန်ပုနှင့်ချန်ချီရဲ့ အလိုဆန္ဒ ထိန်းချုပ်မှုတွေ၊ အကျင့်တရားကိုသစ္စာဖောက်တဲ့ ပြင်းပြတဲ့ချစ်ခြင်းတွေပါဝင်နေတယ်။ ဒါပေမယ့် ဇာတ်လမ်းတစ်ခုလုံးရဲ့ အဓိကအကြောင်းကတော့ သူတို့နှစ်ယောက်ရဲ့နာကျင်စရာတွေကြားက ပြင်းထန်တဲ့အချစ်တွေ၊ ဖောက်လွဲဖောက်ပြန်မှုတွေ၊ အဖြူထည်နှလုံးသားတွေပါဝင်နေတယ်။

ဒီဇာတ်ကောင်နှစ်ယောက်လုံးရဲ့စိတ်တွေက အရမ်းကိုနက်နဲ ရှုပ်ထွေးလွန်းတာကြောင့် သူ့ဘဝမှာပထမဆုံးအကြိမ် သူ့သရုပ်ဆောင်စကေးနဲ့ပတ်သတ်ပြီး ယုံကြည့်ချက် ပျောက်ဆုံးလုနီးပါးဖြစ်သွားရကာ အထူးသဖြင့် သူနဲ့တွဲဖက်သရုပ်ဆောင်ရမဲ့ သူက ချီကူးဖြစ်နေတာကြောင့်လည်း ပါတယ်။

နန်ဟွိုင်လင် ပေကျင်းရုပ်ရှင်တက္ကသိုလ်မှာ ကျောင်းသားဖြစ်တုန်းက ချီကူးက အမြဲတမ်း သူ့ရဲ့အိုင်ဒေါဖြစ်ခဲ့ပြီး ချီကူးရဲ့သရုပ်ဆောင်စွမ်းရည်ကလည်း အမြဲတမ်းထိပ်ဆုံးမှာရှိခဲ့တယ်။ သူက ဘယ်ဇာတ်ကောင်နေရာမဆို ပီပြင်စွာသရုပ်ဆောင်နိုင်ပြီး သူရခဲ့တဲ့ ပြည်တွင်းကဆုတွေရော ပြည်ပကပေးတဲ့ ဆုတွေရော ရေတွက်ကြည့်မယ်ဆိုရင် လက်နှစ်ဖက်နဲ့ရေတွက်ရင်တောင် ဆန့်နိုင်မှာမဟုတ်ပေ။

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now