Chapter 30 (Part 1)

2.3K 449 14
                                    

မိတ်ကပ်ပြင်ရတာ တစ်နာရီကျော်ကျော်ကြာပြီး ဓာတ်ပုံရိုက်ရတာက အဲ့ဒီထက်တောင် ပိုပြီး ကြာသေးတယ်။ နောက်ဆုံး အဓိက ဇာတ်ကောင်တွေအကုန်လုံး ဓာတ်ပုံရိုက်လို့ပြီးသွားတော့ အချိန်က ညနေ7နာရီတောင် ကျော်ပြီးသွားပြီ။

နန်ဟွိုင်လင် မနက်စာလည်း မစားခဲ့ရဘူး။ ပြီးတော့ ရှန်ချုန်းနဲ့အတူတူစားတဲ့ နေ့လည်စာကလည်း သေလောက်အောင်စျေးကြီးတယ်။ ပြင်သစ်အစားအစာက သိပ်ပြီးတော့ သူ့ရဲ့ဗိုက်ကို ဖြည်းတင်းမပေးလိုက်တော့ အဒီအချိန်ထဲက သူ့ရဲ့အစာအိမ်က ပြန်ဆာနေတာ။ သူတို့ရုပ်ရှင်အဖွဲ့က အဝစားဘူဖေးစားသောက်ဆိုင်ကြီးကို ရောက်တော့ နန်ဟွိုင်လင်ရဲ့မျက်လုံးထဲမှာအစားအသောက်ကလွဲပြီး ဘာမှမမြင်တော့ဘူး။

စားသောက်ဆိုင်က 'ကြယ်နိုင်ငံ'က တာဝန်ရှိတဲ့သူတွေ၊ အလုပ်လုပ်တဲ့သူတွေနဲ့ အပြည့်ပဲ။ လူတွေအကုန်လုံးက လွတ်လွတ်လပ်လပ်နဲ့ စားပွဲဝိုင်းတွေကို မျှထိုင်နေပြီး နန်ဟွိုင်လင်ကလည်း သူ မသိတဲ့လူတွေနဲ့ စားပွဲတစ်ဝိုင်းမှာ ထိုင်နေတယ်။

လူတွေက သူတို့ရဲ့ဆာလောင်နေတဲ့ ဗိုက်တွေကို ဖြည့်သင့်သလောက်ဖြည့်ပြီး အီလည်လည်ဖြစ်သွားတော့ အလိုအလျောက်ပဲ ဝိုင်သောက်တာက အဓိကကျတဲ့အပိုင်းကို ရောက်ရှိလာတယ်။ တစ်ယောက်နဲ့တစ်ယောက် အရက်ခွက်ချင်းတိုက်ပြီး ဆုတောင်းပေးရင်း လူအများကြားက ရင်းနှီးမှုလေထုက လျင်မြန်စွာ နွေးထွေးလာတယ်။

နန်ဟွိုင်လင်က သောက်ရတာကို မကြိုက်ဘူး။ ဒါပေမယ့် အခြားသူတွေက သူ့ကိုခွက်မြောက်ပြီး ဆုတောင်းပေးကြတော့ သူက ထပ်ငြင်းနေလို့ မကောင်းတော့ဘူး။ အဲ့တာနဲ့ပဲ သူတို့ငှဲ့ပေးတဲ့ ဘီယာနှစ်ခွက်ရယ်၊ လည်ချောင်းတစ်လျှောက်ကို စပ်ပြီးတော့ ဝင်သွားတဲ့ ဝိုင်အဖြူတစ်ခွက်ရယ် သူသောက်မိသွားတယ်။ ခနကြာတော့ နန်ဟွိုင်လင် တစ်ဖြည်းဖြည်းနဲ့ မူးဝေလာတာကို ခံစားနေရပြီး အထူးသဖြင့် အော့အန်ချင်စိတ်တွေက ပြင်းထန်လာတာကြောင့် အစားစားနေတာကို အတက်နိုင်ဆုံးမြန်မြန်ရပ်တန့်ပစ်လိုက်တယ်။ ဘာဖြစ်လို့လဲ မသိဘူး...အရသာရှိပြီးစားလို့ကောင်းတဲ့အစာတွေက ရုတ်တရက်ကြီး မြိုချရခက်နေတယ်။ နောက်ဆုံးတော့ နန်ဟွိုင်လင် ဘယ်လိုမှ တောင့်မခံနိုင်တော့ဘဲ သန့်စင်ခန်းကို ထွက်လာကာ တခြားဘာမှ မကျန်တော့တဲ့အထိ အန်ချလိုက်တယ်။ သူ့ရဲ့မျက်နှာမှာလည်း မျက်ရည်တွေနှာရည်တွေ ရွဲစိုနေတယ်။ သူ လုံးဝ နေလို့ထိုင်လို့ မကောင်းတော့ဘူး။

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now