Chapter 34

2.3K 454 19
                                    

( TN/ Mizzle အခုတစ်ပတ် upတာက ကြာသွားတာကြောင့် တောင်းပန်ရင်း အရင်အပိုင်းက အချက်တစ်ချို့ကို recallပြန်ခေါ်ပေးပါ့မယ်...ဘာလို့လဲဆိုတော့ အခုတွေ့ရမဲ့ ဇာတ်ဝင်ခန်းလေးရဲ့ အစမှာ နန်ဟွိုင်လင်က စိတ်အခြေအနေ သိပ်မကောင်းဘူးဆိုတာ မီးမောင်းထိုးပြချင်လို့ပါ.. 1 အချက်က သူဒီနေ့ ခရီးပန်းထားတယ်။ 2အချက်က သူ့ exနဲ့တွေ့ပြီး စကားများတယ်လို့ပြောရမဲ့ အခြေအနေတစ်ခုကို ဖြတ်သန်းခဲ့တယ်။ 3 အချက်က ဖေ့ချန်က သူ့ကို ချစ်နေတာလားလို့ သံသယရှိခဲ့တယ်။ ဒီနောက်ဆုံးအချက်ကို နန်နန်က အခုထိ လုံးဝ လက်မခံနိုင်သေးပါဘူး..ဘာလို့လဲဆိုတော့ အောက်မှာ ပါပါတယ်..ဆိုတော့ ဒါတွေကြောင့် အခု နန်နန်က စိတ်အခြေအနေသိပ်မကောင်းဘူးလို့ Mizzleပြောချင်ပါတယ်..ဒါဆို ဆက်ဖက်ကြည့်လိုက်ရအောင်နော်....)

နန်ဟွိုင်လင် Gymကို လိုက်ရှာပေမယ့် မတွေ့တာကြောင့် ဟိုတယ်ကိုပဲ စိတ်ပျက်လက်ပျက်နဲ့ ပြန်လာလိုက်ကာ အခန်းထဲမှာပဲ ထိုင်ထနှင့်ဒိုက်ထိုးတာမျိုး လုပ်ဖို့ ဆုံးဖြတ်လိုက်တော့၏။ တကယ်တော့ သူသာ လုပ်ချင်တယ်ဆိုရင် လေ့ကျင့်ခန်းက ဘယ်နားမှာပဲဖြစ်ဖြစ် လုပ်လို့ရပါ၏။ သို့ပေမယ့် Gymမှာ သွားဆော့တာက ပိုပြီးသင့်တော်တဲ့ပတ်ဝန်းကျင်မျိုး ရှိနေခြင်းကြောင့် ဖြစ်သည်။

သူ လမ်းလျှောက်ပြီး ဟိုတယ်ပြန်နေတုန်းမှာပဲ ရုတ်တရက် ဖုန်းမြည်လာခဲ့သည်။ ဖေ့ချန်က သူ့ဆီကို ဗီဒီယိုကော ခေါ်နေခြင်းဖြစ်၏။

နန်ဟွိုင်လင် ဘာကြောင့်မှန်းမသိ စိတ်တွေလှုပ်ရှားလာရသည်။ ဟိုအဆိုတစ်ခုလိုပဲ...ဒါက ပေါင်းပင်တစ်ပင်လိုမျိုး.." သေသွားအောင် အမြစ်ဖြတ်မပစ်နိုင်တဲ့အပြင် နွေဦးလေပြေနှင့်အတူ ထပ်ပြီး ကြီးထွားလာကြတယ် "။ နန်ဟွိုင်လင် ခနလေးတွေဝေနေရင်းမှ အခုအချိန်ဖြစ်ပေါ်နေတဲ့ ရှုပ်ထွေးတဲ့ အတွေးတွေ အားလုံးကို ချိုးနှိမ်လိုက်ပြီး ဖေ့ချန်၏ ဗီဒီယိုကော ခေါ်ဆိုခြင်းကို လက်ခံလိုက်၏။

ဖုန်းရဲ့ မျက်နှာပြင်ပေါ်မှာ ဖေ့ချန်ရဲ့ ချောမောလွန်းလှတဲ့ မျက်နှာ ထွက်ပေါ်လာတာနဲ့အတူ ထိုသူက သူ့ကိုပြုံးပြလာကာ မေးမြန်းလာ၏။

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now