Chapter 61

2K 448 36
                                    

နန်ဟွိုင်လင် မျက်လုံးတွေကို ဖြေးညှင်းစွာ ဖွင့်ကြည့်လိုက်တော့ တစ်ယောက်အခန်းထဲက ကုတင်ပေါ်မှာ လဲလျောင်းလျက်ရှိနေတာကို သိလိုက်ရသည်။ သူ့လက်ပေါ်မှာ ဆေးထိုးအပ်ထိုးထားပြီး ကြည်လင်တဲ့ဆေးရည်တွေက သူ့ခန္ဓာကိုယ်ထဲကို ဖြေးညှင်းစွာစီးဆင်းနေသည်။ ၎င်း၏အကျိုးသက်ရောက်မှုကြောင့် သူ၏မသက်မသာဖြစ်မှုတွေက လျော့ပါးလာခဲ့သည်။

လူနာခန်းတစ်ခုလုံးက တိတ်ဆိတ်နေပြီး ဖေ့ချန်ကလည်း သူဘေးနားမှာ ရှိမနေပေ။

နန်ဟွိုင်လင် ထထိုင်ကာ ဘေးဘက်ကို မျက်စိဝေ့ကြည့်လိုက်တော့ စားပွဲပေါ်က ဖုန်းကိုတွေ့လိုက်ရပြီး ဖေ့ချန်ဆီဖုန်းခေါ်ဖို့ လှမ်းယူလိုက်သည်။

ထိုအချိန်မှာပဲ လူနာခန်းတံခါးက ပွင့်လာပြီး ဖေ့ချန်က ချေလှမ်းကျယ်များဖြင့် ဝင်ရောက်လာခဲ့သည်။

" နောက်ဆုံးတော့ နိုးလာပြီပဲ " ဖေ့ချန်က သူ့ကုတင်နားကို တိုးကပ်လာပြီး သူ့ကို ဂရုတစိုက်နဲ့ပွေ့ဖက်ထားကာ စိုးရိမ်စွာမေးလာခဲ့သည်။ " မင်း မသက်မသာဖြစ်နေတုန်းပဲလား? "

နန်ဟွိုင်လင် ခေါင်းရမ်းပြလိုက်သည်။ " ကျတော် ရေသောက်ချင်တယ် "

လူနာခန်းထဲမှာ ရေသန့်စက်တစ်ခုရှိနေတာကြောင့် ဖေ့ချန်က အဲ့ဒီကနေ တစ်ခါသုံးခွက်နဲ့ ရေနွေးနွေးတစ်ခွက်ကို ငှဲ့ယူလိုက်ပြီး သူ့ကို ကိုယ်တိုင်တိုက် လာသည်။

ရေတစ်ဝက်လောက်သောက်ပြီးနောက် နန်ဟွိုင်လင် ပို၍နေသာထိုင်သာရှိလာခဲ့သည်။

" ခင်ဗျား ဘယ်တွေသွားနေတာလဲ? " သူ့အသံက အနည်းငယ် လုံးထွေးနေဆဲဖြစ်သည်။

" ဆရာဝန်ဆီသွားတွေ့တာ...မင်းက သာမန်အအေးမိပြီးဖျားတာလို့ပြောလိုက်တယ် " ဖေ့ချန် အနည်းငယ် အပြစ်ရှိသလို ခံစားမိသည်။ " ကိုယ့်အမှားပါ...ကိုယ် မင်းကို ကောင်းကင်ပေါ်ခေါ်သွားပြီး လေအေးတွေအတိုက်ခံရအောင် မလုပ်လိုက်သင့်ဘူး "

" ဘာတွေပြောနေတာလဲ? " နန်ဟွိုင်လင် ဆူပူလိုက်သည်။ " ကျတော် မနေ့ညက အရမ်းပျော်ခဲ့ရတယ်...အဲ့အချိန်လေးကို ကျတော့်ကျန်တဲ့ဘဝတစ်လျှောက်လုံး သတိရနေမှာ "

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now