chapter 12

3.1K 645 13
                                    

Uni

မြေအောက်ရထားက ဘူတာရုံဆီကို ဆိုက်ရောက်လာပြီ။

တံခါးပွင့်သွားတော့ အတွင်းထဲက လူတွေက ရထားအပြင်ဘက်ကို အကြမ်းပတမ်းလုထွက်နေချိန်မှာ အပြင်ဘက်ကလူတွေကလည်း အတွင်းဘက်ကို တွန်းထိုးပြီးစွတ်ဝင်နေကြတယ်။ မနက်ခင်းရုံးတတ်ချိန် လူတွေစုပြုံကျနေသလို မြင်ကွင်းမျိုးနဲ့တူတယ်။

Nan HuaiLinနှင့် Fei Chengကလည်း လူတွေကြားမှာ ကြပ်ညှပ်ပြီး ပါသွားတယ်။ Fei Chengက တံခါးကို ကျောပေးထားပြီး သူ့ရဲ့ရင်ဘက်က Nan HuaiLinရဲ့ ကျောနဲ့ ကပ်နေတယ်။ သူတို့နှစ်ယောက်ရဲ့ ခန္ဓာကိုယ်တွေက အရမ်းကို နီးကပ်တာကြောင့် Nan HuaiLinရဲ့ သန့်ရှင်းတဲ့ ကိုယ်သင်းနံ့ကိုတောင် သူ ရရှိနေတယ်။ ပြီးတော့ သူ့ခန္ဓာကိုယ်ရဲ့ အဓိကအစိတ်အပိုင်းတွေက အချိန်တိုင်းအချိန်တိုင်း Nan HuaiLinနဲ့ ပွတ်တိုက်မိနေတယ်။ ဒီအခြေအနေက သူ့ရဲ့ စိတ်ကို နည်းနည်းမရိုးမရွဖြစ်စေတယ်ဆိုတာ ငြင်းခုံနေစရာတောင် မလိုဘူး။

Nan HuaiLin သူနဲ့ ခပ်ခွာခွာလေး နေချင်တယ်။ ဒါပေမယ့် သူ့ရဲ့ ရှေ့မှာ ကောင်မလေးတစ်ယောက်က မတ်တပ်ရပ်နေပြီး ဘေးမှာကလည်း လူတွေအပြည့်ပဲဖြစ်နေတယ်။

ဒါကြောင့်မို့လို့ နောက်ထပ်မှတ်တိုင်တစ်ခုရောက်ရင် လူတွေအများကြီးဆင်းသွားကြဖို့ကို သူမျှော်လင့်ရုံပဲတတ်နိုင်တယ်။

သူ့ရဲ့ ရှေ့ကကောင်မလေးက ရုတ်တရက် သူမရဲ့ခေါင်းကို ဆက်ခနဲလှည့်လာပြီး ကြောက်စရာကောင်းတဲ့ စိမ်းစိမ်းဝါးဝါးအကြည့်ကြီးနဲ့ သူ့ကို ကြည့်လာတယ်။

Nan HuaiLin, "???"

အဲ့ဒီနောက်မှာ ကောင်မလေးက သူမရဲ့ဘေးက အရပ်ရှည်ရှည်နဲ့ ကောင်လေးကို တစ်စုံတစ်ခု တီးတိုးပြောနေတယ်။ ကောင်လေးက Nan HuaiLinကိုဒေါသတကြီးကြည့်လာပြီး သူ့ရဲ့အင်္ကျီကော်လာကို လှမ်းဆွဲကာ အံကြိတ်ပြီး ပြောတယ်။

"မင်း သေချင်နေတာလား၊ ဟမ်?"

Nan HuaiLin, " ?!!! "

ဘာထဖြစ်ကြတာလဲဆိုတာ တစ်ယောက်ယောက်ကများ သူ့ကို ရှင်းပြနိုင်မလား?

"မင်းရဲ့ ဘယ်လက်ချောင်းက ငါ့ရဲ့ကောင်မလေးကို ထိတာလဲ?" ကောင်လေးက သူ့ရဲ့အဆီတစ်နေတဲ့လည်ပင်းနဲ့ ထအော်တော့ သူ့ရဲ့မျက်နှာက နီတွတ်လာတယ်။

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now