Chapter 35

2.2K 447 14
                                    

မျက်လုံးနှစ်စုံက အကြည့်ချင်းစုံသွားတဲ့အခါမှာ နန်ဟွိုင်လင် ပြုံးလိုက်မိသည်။ ထို့နောက် အကြည့်လွဲလိုက်ရင်း စိတ်ထဲမှာ မယုံကြည်နိုင်ဖြစ်နေကာ ရှန်ချုန်းရဲ့ ခြေထောက်နားက လေမုတ်စက်ကြီးကိုပဲ သတိလက်လွက် ငေးကြည့်နေမိတော့သည်။

နောက်တော်တော်ကြာမှ "ကဒ်!"ဆိုတဲ့ အသံက ထွက်ပေါ်လာသည်နှင့်အတူ ဘေးနားက ညံစီညံစီအသံပေါင်းစုံကို ကြားလိုက်ရတော့၏။

မိတ်ကပ်ဆရာက နန်ဟွိုင်လင်နှင့် ရှန်ချုန်းဆီကို မိတ်ကပ်ပြန်ပြင်ပေးဖို့ ရောက်လာပြီး နန်ဟွိုင်လင် ဖေ့ချန်ကို ထပ်တွေ့ချင်စိတ်ဖြစ်ပေါ်လာတာကြောင့် မနေနိုင်ဘဲ ချောင်းကြည့်မိတော့ ဖေ့ချန်က သူ့ကိုကြည့်နေတာကိုမြင်သွားပြီး အလျင်အမြန် အကြည့်လွဲသွားခဲ့သည်။

သူ ဘာလို့ ဘာမှမပြောတာလဲ?

နန်ဟွိုင်လင် မတွေးမိဘဲ မနေနိုင်တော့ပေ။ သူက Hengdianကို ဘာလာလုပ်တာလဲ? သူ ဒီကိုလာတာ ငါ့ကိုတွေ့ဖို့ မဟုတ်ဘူးလား? အင်း..ထားပါ အရမ်းကြီး စိတ်ထဲမထားတော့နဲ့!

ထို့နောက် လော့ခဲ့ ရောက်လာသည်။

" ရှောင်နန်..မင်း...." သူက နန်ဟွိုင်လင်ရဲ့ မျက်နှာကို စေ့စပ်စွာကြည့်ရှုနေသည်။ " မင်း ဘာလို့...?"

နန်ဟွိုင်လင်, " ဒါရိုက်တာ လော့...ကျတော် ခုန သရုပ်ဆောင်တာ အမှားပါသွားလို့လားဟင်? "

" မဟုတ်...ဘာမှ မမှားပါဘူး..အဆင်ပြေတယ်.......မင်း...ဒီနေ့ မိတ်ကပ်သေချာပြင်ထားတာပဲ "

တကယ်လည်း ဒီနေ့က နန်ဟွိုင်လင် မိတ်ကပ်ကောင်းကောင်းလိမ်းထားတဲ့ ပထမဆုံးအကြိမ်ပဲဖြစ်၏။

သူ အရင်နေ့တွေတုန်းက မျက်နှာကို ပုဝါနဲ့ဖုံးအုပ်ပြီး သရုပ်ဆောင်ရတာဖြစ်လို့ သူ လုပ်စရာလိုတာဆိုလို့ ဆံပင်တုဝတ်ဖို့နဲ့ နှုတ်ခမ်းနီ ပါးပါးလေး ဆိုးတာလောက်ပဲဖြစ်၏။ ဒါပေမယ့် ဒီနေ့က သူ့ရဲ့မျက်နှာတစ်ခုလုံးကို ပြသရမှာဖြစ်တဲ့အတွက် မိတ်ကပ်ပြင်ပေးတဲ့သူက သူ့ကို အမှန်တကယ်ချယ်သပေးဖို့ အချိန်တစ်နာရီ ယူခဲ့ပြီး သူကတော့ စပြင်ကတည်းကနေ ပုဝါတပ်ပြီးတဲ့အထိ အနှောက်အယှက်ကင်းကင်းနဲ့ အိပ်ငိုက်နေတာဖြစ်သည်။

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now