Chapter 63

2.4K 438 8
                                    

" ကျတော်......အရင်ဆုံး ဖုန်းခနပြောစရာရှိလို့"

" ပြောလေ " ဖေ့ချန် နန်ဟွိုင်လင်အနား ကပ်ထိုင်ကာ နဖူးကိုထိတွေ့ပြီး အပူချိန်စမ်းကြည့်လိုက်တော့ အဖျားငွေ့က ကွယ်ပျောက်သွားပြီဖြစ်သည်။

နန်ဟွိုင်လင် ကုတင်ပေါ်မှဆင်းကာ ပြတင်းပေါက်ဆီကိုသွားပြီး ဘယ်သူမှန်းမသိသေးတဲ့ ဖုန်းခေါ်ဆိုမှုကို လက်ခံလိုက်သည်။ အခုအချိန်ပြောဆိုနေတာတွေကို သူ ဖေ့ချန်အား မကြားစေချင်ပေ။

တစ်ဖက်ကို " ဟယ်လို " လို့အသံပေးလိုက်ပြီးနောက် ပြောလာသမျှကို တိတ်ဆိတ်စွာ နားထောင်နေလိုက်သည်။ နောက်ဆုံးမှ သူ အေးစက်စွာ တုန့်ပြန်လိုက်သည်။ " ဒီကိစ္စကို ကိုယ့်ဘာကိုယ်ပဲ ရှင်းလိုက်မယ်..ခင်ဗျားကိုတော့ အပြစ်မပြောပါဘူး..ဒီလောက်ပါပဲ "

သူ ဖုန်းချလိုက်တော့ ဖေ့ချန်က သူ့နားရောက်လာကာ မေးလာသည်။ " မိန်းမ ဘာဖြစ်လို့လဲ? "

" ကျတော် ခနနေရင် ပြောပြမယ်....အခုတော့ ကျတော် နောက်ထပ်ဖုန်းတစ်ခုပြောဖို့ လိုနေပြီ"

ဖေ့ချန်က "အို့"လို့ ရေရွတ်ရင်း သူ့ကို မတ်တပ်ရပ်ကာ စောင့်ကြည့်နေသည်။

နန်ဟွိုင်လင် ဖုန်းမခေါ်ရသေးခင်မှာပဲ မိန်ထျန်းကျူဆီက ဖုန်းဝင်လာခဲ့သည်။

" နန်...ငါ အခုစိတ်ရှည်မနေဘူးနော် " မိန်ထျန်းကျူအသံက ခုနကထက်စာလျှင် သိသိသာသာပျော့ပျောင်းနေသည်။ " အခုအားလုံးအဆင်ပြေသွားပြီ "

" ဟမ်? " နန်ဟွိုင်လင် မှားများကြားလိုက်မိသလားတောင် သံသယဝင်သွား၏။ " အဆင်ပြေတယ်? "

" အမ်.." မိန်ထျန်းကျူက ရယ်ချင်တာကို ထိန်းထားပုံရ၏။ " ငါ အင်တာနက်သုံးစွဲသူတွေရဲ့ ကွန်မန့်အချို့ကို မင်းကြည့်လို့ရအောင် ပို့ပေးလိုက်မယ်...မင်း ထူးဆန်းတဲ့အရာတစ်ချို့ကို ခံစားမိလာလိမ့်မယ် "

နန်ဟွိုင်လင် ဝီချက်ကို ထပ်ဖွင့်ကာကြည့်လိုက်တော့ မိန်ထျန်းကျူပို့လိုက်တဲ့ စခရင်မ်ရှော့တွေအများကြီး ရောက်ရှိလာ၏။

နန်ဟွိုင်လင့်ဘဝရဲ့ အဓိပ္ပါယ်လေးက ဘာလဲ : [ တကယ်လို့များ ငါသေသွားခဲ့ရင်..ကျေးဇူးပြုပြီး ဒီဓာတ်ပုံလေးကို ငါ့အတွက် မီးရှို့ပေးပါ..ကျေးဇူးပါ ]

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now