chapter 4

3.6K 669 11
                                    

Zawgyi

Zhang Heng ရိုက်ကွင်းကို ရှင်းလင်းလိုက်တယ်။ အခန်းထဲမှာ သူနဲ့ကင်မရာမင်းတစ်ယောက်ရှိတယ်။ သူ့ဘေးနားမှာ မျက်နှာတစ်ဝက်လောက်ကို နေကာမျက်မှန်နဲ့ ဖုံးထားတဲ့ Fei Cheng လည်းရှိနေတယ်။

တံခါးအပြင်ဘက်မှာ Nan HuaiLin, Shen Chong ရဲ့ ခါးကို သူ့လက်နဲ့ဖက်ပြီး ရှုတင်စမဲ့ အချိန်ကို စောင့်နေတယ်။

Shen Chong က သူတို့ နှစ်ယောက်ပဲ ကြားလောက်မဲ့ အသံနဲ့ မေးလာတယ်။

"မင်း သွားတိုက်ခဲ့လား?"

"ဟုတ်ကဲ့" Nan HuaiLin ပြန်ဖြေလိုက်တယ်။

Shen Chong က ထပ်ပြောလာတယ်။ "ကိုယ်မသိတဲ့ ယောက်ျားလေးတစ်ယောက်နဲ့ နမ်းပြီး ထိတွေ့ရမှာက ငါ့အတွက်လည်း တော်တော် မနှစ်မြို့စရာပဲ။ အဲ့ဒါကြောင့် ငါတို့ ဒီဟာကို တစ်ခါတည်းပဲ အပြီးလုပ်ကြမယ်။ တစ်ယောက်ကိုတစ်ယောက် ခက်ခဲတဲ့အချိန်တွေကို မပေးကြရအောင်။ OK လား?"

Nan HuaiLin သူ့မျက်လုံးတွေနဲ့ အပေါ်မော့ကြည့်လိုက်တယ်။ တဖက်လူရဲ့မျက်လုံးထဲမှာရှိတဲ့ မနှစ်မြို့မှုတွေက ထင်ရှားတယ်။ သူ့ရဲ့မျက်လုံးကို အောက်ပြန်ချလိုက်ပြီး "ဟုတ်ကဲ့" လို့ မသိမသာလေး ပြန်ဖြေလိုက်တယ်။

"အက်ရှင်!"

Shen Chong ချက်ချင်းပဲ မှု့ (mood= စိတ်ခံစားမှုအခြေအနေ) သွင်းလိုက်တယ်။ သူ့ရဲ့မျက်လုံးတွေကို မှိတ်ပြီး Nan HuaiLin ပေါ် မှီလိုက်တယ်။

Nan HuaiLin ရဲ့ လက်တစ်ဖက်က Shen Chongကို ဖက်ထားပြီး နောက်တစ်ဖက်က အခန်းကဒ်နဲ့ တံခါးကို ဖွင့်နေတယ်။ အခန်းကဒ်ကို လျှပ်စစ်အပေါက်ထဲ ထိုးသွင်းပြီး တံခါးကို တွန်းဖွင့်ဝင်လာလိုက်တယ်။ ချက်ချင်းပဲ မှောင်နေတဲ့အခန်းက လင်းသွားတယ်။

Shen Chong ရဲ့ ပါးစပ်က ဘာတွေပြောနေလည်းမသိဘူး တတွတ်တွတ်နဲ့။ Nan HuaiLin က Zhang Heng မှာထားတဲ့အတိုင်း ဘာမှမပြောရဘူး။ သူက Shen Chong ရဲ့ အကျီ ကြယ်သီးကို ဖြုတ်လိုက်တယ်။ ပြီးတော့ သူ့ တီရှပ်အကျီကို ချွတ်ချလိုက်တဲ့အချိန်မှာပဲ Shen Chong ထက် မက လှပတဲ့ကြွက်သားတွေ ထွက်ပေါ်လာတယ်။

သူ့ရဲ့မျက်နှာ ၊ ပုံပန်းသွင်ပြင်နှင့် အရပ်က အများကြီးအကျိုးဖြစ်ထွန်းစေမှာ မဟုတ်တာကို Nan HuaiLin သိတယ်။ အဲ့တာကြောင့် သူ့ရဲ့ ခန္ဓာကိုယ်ကြည့်ကောင်းဖို့အတွက် အင်အားအများကြီးစိုက်ထုတ်ခဲ့တယ်။ သူဘယ်လောက်ပဲ ပင်ပန်းနေပါစေ နေ့တိုင်း အနည်းဆုံး တစ်နာရီ gym ကစားတယ်။

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now