Chapter 67

1.4K 288 15
                                    

နန်ဟွိုင်လင် နက်နက်ရှိုင်းရှိုင်းအိပ်မောကျနေစဥ်မှာ တစ်ခုခုက သူ့လည်ပင်းကိုလာပွတ်သက်နေတာ ခံစားလိုက်ရသည်။ သူ ဖေ့ချန်လို့ပဲ ထင်လိုက်တာကြောင့် ညီးညူးစွာပြောလိုက်၏။ " မလုပ်နဲ့....ယားတယ် "

သို့ပေမယ့် သူ့လည်ပင်းနားက လှုပ်လှုပ်ရွရွဖြစ်နေမှုက ရပ်တန့်မသွားပေ။ ထို့ကြောင့် သူ အဲ့ဒီအရာကို လက်နဲ့တွန်းဖို့ ကြံရွယ်လိုက်ချိန်မှာ ချောစိစိအရာတစ်ခုကို ထိတွေ့လိုက်မိသည်။ ရုတ်တရက် သူ ထိတ်လန့်သွားပြီး နိုးနိုးကြားကြားဖြစ်လို့သွား၏။ ထိုအချိန် မျက်လုံးရှေ့မှာ မြင်လိုက်ရတာက အစိမ်းရောင်ဖဲကြိုးလေးချည်ထားတဲ့ နဂါးပေါက်နှစ်က သူ့ရဲ့ မျက်လုံးသေးသေးလေးတွေ ပုတ်ခက်ပုတ်ခက်လုပ်ကာ ကြည့်နေပြီး မျက်လုံးထောင့်ကနေလည်း ကျိုးကျေနေတဲ့ ပုတီးစေ့လို မျက်ရည်လုံးသေးသေးလေးတွေ ကျဆင်းနေသေးသည်။ ဆယ်လုံးမက ကြည်လင်တဲ့ နဂါးပုလဲလုံးများကလည်း အနီးနားက ခေါင်းအုံးပေါ်မှာ ပြန့်ကျဲလျက်ရှိနေသေးသည်။

နန်ဟွိုင်လင် အခုမှ ထိန့်လန့်မှုတွေလျော့ကျသွားကာ ဘေဘီလေးကို ရင်ခွင်ထဲပွေ့ချီလိုက်ပြီး ခေါင်းသေးသေးလေးကို ညင်သာစွာပွတ်သက်ရင်း နူးညံ့စွာ ပြောလိုက်၏။ " မင်း ဘာလို့ ထပ်ငိုနေရပြန်တာလဲ ဟမ်? "

ထိုအခါ နဂါးပေါက်နှစ်က သူ့ရဲ့အပြုအမူနဲ့ အဖြေပြန်ပေးလာ၏။ သူက ပါးစပ်ဖွင့်ကာ နန်ဟွိုင်လင် ရင်ဘက်ပေါ်က နို့သီးလေးကို ကိုက်ချလိုက်တော့သည်။

နန်ဟွိုင်လင်, " !!! "

အထိအတွေ့က နဲနဲယားပြီးတော့ နဲနဲလည်းနာသည်။

" မကိုက်နဲ့လေ....."

နန်ဟွိုင်လင် သူ့ရဲ့ နို့သီးလေးကို ကယ်တင်ဖို့ကြိုးစားပေးမယ့် နဂါးနှစ်က သူဘာမှစုပ်ယူလို့မရမချင်း လွတ်ပေးမဲ့ပုံမပေါ်ပဲ ပြင်းထန်စွာ စုပ်ယူလို့ထား၏။

နေ....နေပါဦး!

သူ ဘာလို့ခံစားမိနေတာလဲ။ နဂါးပေါက်နှစ်က......တကယ်ပဲ တစ်ခုခုထွက်အောင် စုပ်နေတယ်လို့?

အို့မိုင်ဂေါ့.....မဖြစ်..မဖြစ်...မဖြစ်နိုင်ဘူး!

ထိုအတွေးနဲ့ သူ အူကြောင်ကြောင်ဖြစ်နေစဥ် ဖေ့ချန်က ပြင်ဆင်ဖို့လက်ဝင်ပြီး အသဲထိစေလောက်တဲ့ မနက်စာကိုယူကာ ဝင်ရောက်လာသည်။ " နိုးနေပြီလား? မနက်စာ........" ဖေ့ချန်ကလည်း ရှုပ်ထွေးသွားပုံရတဲ့မျက်နှာ အမူအရာနဲ့ စကားရပ်သွား၏။ " မင်း ဘာလုပ်........နေတာလဲ? "

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now