chapter 2

4.8K 751 6
                                    

Zawgyi

''အကို Hong''

Nan HuaiLin ဖုန်းကိုင်လိုက်ပြီး ယဉ်ယဉ်ကျေးကျေးပဲ ပြန်ဖြေလိုက်တယ်။
He DingHongက မေးတယ်

''မင်းသွားရမဲ့ နေရာကို ရောက်ပြီလား''

''ကျတော် မြေအောက်ရထားထဲမှာပဲ ရှိသေးတယ်''

Nan HuaiLin မြေပုံလမ်းကြောင်းကို တစ်ချက်ကြည့်လိုက်တယ်။

''နောက်ထပ် တစ်မှတ်တိုင်ဆိုရောက်ပြီ''

''မင်းရုပ်ရှင် ရိုက်ပြီးပြီးချင်း ရုံးခန်းကို ပြန်ခဲ့''He DingHong က ပြောတယ်။ ''ငါ မင်းကို ပြောစရာရှိတယ်''

''Okay'' Nan HuaiLin ပြန်ပြောလိုက်တယ်။ သူအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘာမှတောင် မမေးလိုက်ရသေးဘူး ဟိုဘက်က ဖုန်းချသွားပြီ။

အဲ့ဒီအချိန်မှာပဲ သူ့ရဲ့ ဖုန်းက မက်ဆေ့မြည်သံ ဝင်လာတယ်။[လူကြီးမင်းရဲ့ ငွေစုကဒ် နောက်ဆုံးစာလုံး 3585သည် ယွမ် 1000000.00ကို 10: 18 :32 ဧပြီလ 5 ရက်နေ့တွင် ရရှိပါသည်။ ကျန်ရှိငွေ ယွမ် 1002537.69 ရှိပါသည်။ ဆောက်လုပ်ရေးဘဏ်]

တစ် မီလီယံ.....

ဒီပိုက်ဆံကို ဘယ်သူက ပေးလဲ စဉ်းစားစရာတောင်မလိုဘူး။ Nan HuaiLin လှောင်ပြုံးပြုံးလိုက်တယ်။ ဒါက ဘာလဲ? 7နှစ် ငါ့ရဲ့ ခန္ဓာကိုယ်ကို ရောင်းစား ပြည့်တန်ဆာလုပ်ပြီးရတဲ့ငွေလား?

Shi Yan မင်းတော်တော်ကြီးကို တော်တယ်။ Nan HuaiLin သူ့ဒေါသတွေကို ဖိနှိပ်ပြီး Shi Yanကို ဖုန်းခေါ်လိုက်တယ်။

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now