Chapter 66

1.4K 263 8
                                    

နက်ရှိုင်းစွာ တိုးဝင်လာပြီး ပြန်လည်ပျောက်ကွယ်သွားသည့် လှုပ်ရှားမှုများက အရမ်းကို ညင်သာလွန်းတာကြောင့် လူကိုနှိပ်စက်နေသလားအောက်မေ့ရသည်။

တစ်နာရီကျော်ကြာအောင်ထိ ဖေ့ချန်ထိုသို့ လှုပ်ရှားနေဆဲဖြစ်တာကြောင့် နောက်ဆုံးတွင် သူ လုံးဝသည်းမခံနိုင်တော့ဘဲ သေးငယ်သောအသံဖြင့် ထုတ်ပြောရတော့သည်။ " ယောက်ျား...အဲ့တာက.....တကယ်တော့လေ...."

" အင်း...ဘာဖြစ်လို့လဲ? " ဖေ့ချန်က လှုပ်ရှားမှုကို ပိုပြီးတော့တောင် နှေးလိုက်သေး၏။ " နေလို့မကောင်းလို့လား? "

" အဲ့လိုမဟုတ်..." သူ ရှက်လာတာကြောင့် မျက်နှာတွေ နီကုန်တော့သည်။ " တကယ်တော့....ခင်ဗျား....နဲနဲ....ပိုမြန်ပေးနိုင်မလား..."

ဖေ့ချန်က ခနကြောင်ကြည့်နေပြီး ထို့နောက်မှ သူ့လည်ပင်းကြား မျက်နှာအပ်ကာ ခိုးရယ်လာတော့သည်။

" ဟေး! " သူ စိတ်နဲနဲဆိုးသွားတာကြောင့် ဖေ့ချန်ကျောကို လက်ဖဝါးနဲ့ ခပ်ဖွဖွထုရိုက်ပစ်လိုက်၏။

" အိုး~" ဖေ့ချန်က ဟန်ဆောင်ကာ အော်ငိုလိုက်ပြီး သူ့နားဖျားလေးကို အနမ်းပေးကာ နူးညံ့စွာဆိုလာ၏။ " ပုံစံပြောင်းရအောင်..နော်?"

...

နောက်ဆုံးတွင် ဖေ့ချန်က ထိုရှည်လျားကာ ညင်သာလှသော နှိပ်စက်မှုကြီး သူ လုံးဝလဲကျမသွားခင်မှာ အဆုံးသတ်ပေးလိုက်၏။

သူ့တို့နားကလေထုက ထိုအနံ့များဖြင့် ပြည့်သိပ်သွားခဲ့သည်။

ဖေ့ချန်က သူ့ကို အနောက်ကနေပွေ့ဖက်ထားကာ ဖေ့ချန်ရဲ့ပူလောင်နေတဲ့ရင်ဘတ်က သူ့ရဲ့ အဝတ်မပါတဲ့ကျောပြင်ကို ဖိကပ်လျက်ရှိပြီး သူတို့ရဲ့ နှလုံးခုန်သံတွေသာမက အသက်ရှုသံများကပါ တစ်ထပ်တည်းကျနေခဲ့သည်။

" ဘေဘီ " ဖေ့ချန်က တိုးညှင်းစွာ ခေါ်ဆိုလာသည်။

" ဟမ်? " သူ ပျင်းရိစွာပြန်ထူးလိုက်သည်။

" အသဲလေး " ဖေ့ချန်က ထပ်ခေါ်လာပြန်၏။

ထိုအချိန် သူ့နှုတ်ခမ်းတွေပေါ်မှာ အပြုံးတစ်ပွင့် ပေါ်ပေါက်နေလောက်၏။ " ဘာလဲ? "

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now