Chapter 62

2.1K 465 7
                                    

" မင်း ကိုယ်ဝန်ရှိနေပြန်ပြီပဲ " ဖေ့ကျန်းအသံက နောက်ပိုင်းမှာ တိုးညှင်းသွားကာ မျက်နှာပေါ်တွင် အံ့သြသောအရိပ်အယောင်တစ်ချို့ကို မဖုံးကွယ်နိုင်ခဲ့ပေ။

နန်ဟွိုင်လင် ခန္ဓာကိုယ်က ရေသေတစ်ခုလိုတည်ငြိမ်သွားပြီး သူ ဘယ်လိုတုန့်ပြန်မှုမျိုးကို ပေးရမလဲဆိုတာ မသိတော့ပေ။

သို့ပေမယ့် ဖေ့ချန်ကတော့ သူနဲ့ကွဲလွဲစွာ အံ့သြမှုနှင့်အတူ ပျော်ရွှင်နေလေသည်။ " တကယ်လား? "

ဖေ့ကျန်းက ခေါင်းညိမ့်ပြလာသည်။ " သူ့ကိုယ်က ကိုယ်ဝန်ဆောင်ထားရမှန်း သိသာတဲ့အနံ့တစ်မျိုးထွက်နေတယ် "

ဖေ့ချန်က သူ့နားကိုတိုးကပ်လာပြီး အသားပြင်တစ်လျှောက်ကို နှာထိပ်ဖျားဖြင့် တစ်ရှုံ့ရှုံ့အနံ့ခံလာသည်။ ".....တစ်ကယ်ပဲ အနံ့တစ်မျိုးရှိနေတယ်..ကျတော် ဒီအနံ့ကိုအရင်တည်းကရနေတာ...အဲ့တုန်းက သူ့ရဲ့ ပင်ကိုရနံ့လို့ပဲထင်လိုက်တာ ဒါပေမယ့် အခုတော့ ကိုယ်ဝန်ရှိလို့ ထွက်လာတဲ့ရနံ့ဖြစ်နေတာပဲ "

ဖေ့ကျန်းက နန်ဟွိုင်လင်ကိုကြည့်ကာ ရှားရှားပါးပါး သိချင်စိတ်အပြည့်ဖြင့် မေးလာ၏။ " ဘယ်လို ခံစားရလဲ? "

နန်ဟွိုင်လင် လက်တစ်ဖက်ဖြင့် သူ့ရဲ့ဝမ်းဗိုက်ကို ဖြေးညှင်းစွာ ပွတ်သတ်လိုက်ပြီး နောက်လက်တစ်ဖက်က ဖေ့ချန်ရဲ့လက်ကို ကိုင်ဆွဲထားကာ ခေါင်းရမ်းပြရင်း အမူအရာမဲ့စွာတုန့်ပြန်လိုက်သည်။ " ဘာမှမခံစားရဘူး "

ထိုအခါ ဖေ့ကျန်းက ဆက်ပြောလာသည်။ " မင်း စိတ်လှုပ်ရှားပြီး ကြောက်နေစရာမလိုဘူး...ကိုယ်ဝန်စရှိကာစမှာ ဖြစ်တက်တဲ့ လက္ခဏာအချို့ကလွဲရင် နဂါးတွေကို မွေးဖွားတာက မင်းရဲ့ခန္ဓာကိုယ်ကို ဘယ်လိုဒဏ်ရာမှ မဖြစ်ပေါ်စေဘူး...အဲ့ဒီအပြင် ကောင်းကျိုးတွေအများကြီးကိုပါ ခံစားရဦးမှာ..မင်း အရင်တစ်ခါကိုယ်ဝန်ဆောင်ဖူးတော့ အဲ့ဒီအတွေ့အကြုံရှိပြီးသားပါ..ငါ အများကြီးရှင်းမပြလည်း မင်းနားလည်မှာပါ "

နန်ဟွိုင်လင် ပထမတစ်ခါ ကိုယ်ဝန်ဆောင်စဥ်က သူ့ဘဝကြီးက အလုပ်တွေအများကြီးနဲ့ ခက်ခဲခဲ့တယ်။ အဲ့ဒီအချိန်ကတောင် နဂါးဥတွေက သူ့ဝမ်းဗိုက်ထဲမှာ ဘယ်လိုအရိပ်အယောင်ကိုမှမပြဘဲ တိတ်ဆိတ်စွာ သန္ဓေတည်ခဲ့ကြတယ်။ အဲ့တာကြောင့် သူတို့ မမွေးဖွားခင်အချိန်ထိ နန်ဟွိုင်လင် သူတို့လေးတွေရဲ့တည်ရှိမှုကို မသိခဲ့ရပေ။

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now