Chapter 40

2.1K 411 4
                                    

နန်ဟွိုင်လင် အမြန်ဆုံး စိတ်အေးအေးထားလိုက်ရပြီး ပုံမှန်အတိုင်းပဲ ပြုမူနေထိုင်လိုက်တော့၏။ သူ ခါးကုန်းကာ ဟယ်နီဘယ်လ်ရဲ့ ရုပ်ဆိုးဆိုးခွေးဘီလူးမျက်နှာကြီးကို ပွတ်သက်ရင်း ပြုံးလိုက်မိသည်။

" တော်တော်တောင် ကြာသွားပြီကို...မင်းက ငါ့ကို မှတ်မိနေတုန်းပဲပေါ့လေ? ငါ အရမ်း ဟက်ထိသွားရပြီကွာ "

ဟယ်နီဘယ်လ်က နန်ဟွိုင်လင်လက်ကို လျှက်ဖို့ လျှာအပြင်ထုတ်လိုက်တာကို ဖေ့ချန် အကြောင်သား ရပ်ကြည့်နေမိသည်။ " ဒါက ဘယ်လိုဖြစ်ရတာလဲ? ကိုယ့်အကိုရဲ့ခွေးက မင်းကို ဘယ်လိုသိနေတာလဲ? "

နန်ဟွိုင်လင် ဖိနပ်လဲစီးကာ ဧည့်ခန်းထဲသို့ လမ်းလျှောက်ဝင်သွားလိုက်သည်။ " ပြောရရင် အရှည်ကြီးပဲ...အရင်ဆုံး ကျတော့်ကို ရေတစ်ခွက်လောက် သောက်ခွင့်ပြုပါဦး...ရေဆာလို့ သေတော့မယ် "

နန်ဟွိုင်လင် အခုမှပဲ အသက်ရှုပေါက်ရသွားကာ ထမင်းစားခန်းထဲကို တန်းတန်းဝင်ပြီး ရေခဲသေတ္တာထဲက ရေသန့်တစ်ဗူးကိုထုတ်ရင်း ဖေ့ချန်ကို အော်မေးလိုက်သည်။

" ခင်ဗျား တစ်ခုခုသောက်ဦးမလား? "

" Coke တစ်ဗူးယူခဲ့! "

နန်ဟွိုင်လင် ဧည့်ခန်းဆီသို့ ပြန်လာပြီး ဖေ့ချန်ကို Cokeဗူးလှမ်းပေးရင်း သူ့ဘေးနားထိုင်ကာ ရေနှစ်ငုံသောက်ပြီး စကားစပြောလိုက်တယ်..

" ကျတော်တို့ စဆုံခဲ့တဲ့အချိန်လောက်ကို ပြန်ပြောရမယ်ဆိုရင် အဲ့တုန်းက ကျတော်နဲ့ ဟယ်တင်းဟုန်ကြားမှာ ကိစ္စတစ်ခုကြောင့် ပြဿနာလေးတွေ တက်ခဲ့ကြပြီး..ကျတော် မင်းရှိနဲ့ ချုပ်ထားတဲ့စာချုပ်ကို ဖျက်ဖို့လုပ်ခဲ့တယ်...အဲ့တာကြောင့်ရော..ကျတော် ရိုက်ဖို့ဇာတ်ကောင်နေရာတွေ မရှိတာကြောင့်ရော အဲ့တုန်းက ကျတော် ပိုက်ဆံပြတ်သွားခဲ့တာ..လက်ထောက်ရွမ်က သဘောကောင်းလွန်းလို့သာ ကျတော့်ကို အိမ်အကူအဖြစ် အစမ်းခန့်ထားကြည့်တာ "

ဖေ့ချန် တကယ်ကို အံ့အားသင့်သွားရပါ၏။ " ဒါဆို...မင်းက ကိုယ့်အကိုအိမ်မှာ အိမ်အကူလုပ်ခဲ့တယ်ပေါ့? "

နန်ဟွိုင်လင် ခေါင်းညိမ့်လိုက်သည်။

" အင်း...ဒါပေမယ့် လေးရက်တည်းပါပဲ...ဘာလို့လဲဆိုတော့ ကျတော် သရုပ်ဆောင်ဖို့ အခွင့်အရေးထပ်ရလာလို့...အိမ်အကူအလုပ်ကနေ ထွက်လိုက်ရတာ "

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now