Chapter 24

2.8K 577 19
                                    

Uni

ဖေ့ချန် မြေအောက်ကားပါကင်မှာ ကားကိုနေရာတကျထိုးပြီး ဓာတ်လှေကားနဲ့ အပေါ်ကိုတက်လာခဲ့လိုက်တယ်။ ပထမထပ်ကိုရောက်တဲ့အချိန်တံခါးပွင့်သွားတော့ အပြင်ဘက်မှာ ဟန်နီဘယ်လ်နှင့် သူ့ရဲ့လည်ပတ်ကြိုးကိုကိုင်ထားပြီး လမ်းလျှောက်ထွက်လာခဲ့ပုံရတဲ့ ဖေ့ကျန်းကို တွေ့လိုက်ရတယ်။

"အကို မင်း ဒီအချိန်ထိ ခွေးနဲ့ လမ်းလျှောက်ထွက်နေတယ်?" ဖေ့ချန် ခါးကိုင်းကာ ဟန်နီဘယ်လ်ရဲ့ ခေါင်းကို ပွတ်သပ်လိုက်တယ်။ "အလုပ်အပြင်, မင်း စိတ်ဝင်စားတာဆိုလို့ ဒီခွေးတစ်ကောင်ပဲရှိတယ်"

ဖေ့ချန် ပြောနေတာတွေကို ဖေ့ကျန်းက စိတ်ဝင်စားမှုနည်းနည်းလေးတောင် ပြမလာဘူး။

" အကို " ဖေ့ချန်စိတ်မရှည်တော့တာကြောင့် ပြောစရာရှိတာပဲ တန်းပြောလိုက်တယ်။ "ငါ Dong Fangအိမ်ရာမှာ တိုက်ခန်းတစ်ခု ငှားထားတယ်..ပြီးတော့ အဲ့ဒီမှာ ငါ တစ်ယောက်တည်း ပြောင်းနေမလို့.."

ဖေ့ကျန်းက သူ့ကို ဖျက်ခနဲ လှမ်းကြည့်လာတယ်။ "အကြောင်းပြချက် တစ်ခုပေး"

"ငါ့အသက်က 260ကျော်နေပြီလေ။ ဘာလို့ ငါက အကိုနဲ့အတူတူ နေရဦးမှာလဲ? ပြီးတော့ အဲ့လိုဆိုတာထက် အကို မင်းက တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်းချမ်းချမ်းနေရတာကို ကြိုက်တဲ့သူလေ။ မင်းမျက်လုံးရှေ့မှာ တစ်ချိန်လုံးရှုပ်ယှက်ခက်လုပ်နေတဲ့ ငါနဲ့နေရတာ တကယ်ပဲ တိတ်ဆိတ်ငြိမ်းချမ်းတယ်လို့ ထင်နေတာလား?"

ဖေ့ကျန်းက ဖေ့ချန်ပြောနေတာကို စိတ်ရှည်လက်ရှည်နားထောင်နေပြီး မထူးခြားတဲ့ပုံစံနဲ့ပဲ ပြန်ပြောလာတယ်။

"အမှန်တိုင်း ပြော"

ဖေ့ချန် မပျော်မရွှင်ဖြစ်နေတဲ့မျက်နှာနဲ့ ပြုံးလိုက်ပေမယ့် နည်းနည်းလေးလည်း ပြောရမှာ မျက်နှာပူနေတယ်။

"ဟို...မကြာခင်တုန်းက ငါကြိုက်တဲ့ လူတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပြီး သူနဲ့ကြားက အခြေအနေတိုးတက်ဖို့ မရိုးရှင်းတဲ့နည်းလမ်းနဲ့ ကြိုးပမ်းမလို့"

"မနေ့က တွေ့ခဲ့တဲ့တစ်ယောက်လား?"

ဖေ့ချန် ခေါင်းညိမ့်ပြလိုက်တယ်။ "သူ့ကို သိတာ တစ်ပတ်ပဲရှိသေးတယ်။ အခုထက်ထိ ငါ သူ့ကို ကြိုက်လားဆိုတာ သေသေချာချာမသိပေမယ့် ဘာပဲဖြစ်ဖြစ် သူက အရမ်းကောင်းမဲ့ပုံရှိတဟ်လို့ထင်တယ်။ ပြီးတော့ သူ့နဲ့နေရတာအရမ်းသက်တောင့်သက်သာရှိတယ်။ အခုလောလောဆယ် သူက တိုက်ခန်းတစ်ခုရှာနေတာ။ အဲ့တာ ပထမဆုံး သူ့ကို ငါ့နားအရင်ခေါ်ထားဖို့ အခွင့်အရေးတစ်ခုကို လက်လွတ်မခံချင်လို့။ ပြီးတော့ သူက အသဲကွဲထားတာ မကြာသေးဘူး ဆိုတော့ ခန့်မှန်းရရင် တိုတောင်းတဲ့အချိန်အတိုင်းအတာတစ်ခုလောက်ထိတော့ နောက်ထပ်တစ်ယောက်ကို သူရှာချင်သေးမှာ မဟုတ်ဘူး။ ဒါကြောင့် သူ့ရဲ့အနာတွေ ကုစားနေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ကောင်းတဲ့ခံစားချက်တွေ ရရှိလာအောင် လုပ်ပေးမယ်။ အဲ့ဒီကောင်းတဲ့ခံစားချက်တွေ ပြည့်လျှံသွားတဲ့အချိန်ကျရင် သူ့ဘာသာသူ ကျတော်တို့တွေ ခွဲမရအောင် အတူတူဖြစ်သွားမယ်ထင်တယ်" ဖေ့ချန် အဲ့လိုပြောပြီး နည်းနည်းလေးရယ်လိုက်မိတယ်။ "သူ့ရဲ့ ရုပ်ရည်က သာမန်အရမ်းဆန်တယ်ဆိုပေမယ့် သူ့ကိုလိုချင်တဲ့သူကတော့ တော်တော်ပေါတယ်။ အရမ်းဂျေးများတဲ့ ရှန်ချုန်းတောင် သူကိုလိုချင်နေတာ။ ပြီးတော့ သူ့ကို သကြားဘေဘီလုပ်ချင်နေတဲ့ လူတွေကလည်း ရှိသေးတာ။ ဒါပေမယ့် သူက အကုန်လုံးကို ငြင်းပစ်ခဲ့တယ်။ အဲ့တာတွေကို ကြည့်ရင် သူက အရမ်းအပြစ်ကင်းစင်ပြီး ဟန်ဆောင်ပန်ဆောင် မလုပ်တက်ဘူးလို့ ဆိုလိုတာမလား?"

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now