Chapter 22

2.8K 570 13
                                    

နောက်တစ်နေ့ မနက်လင်းတော့ အသေးစိတ်အချက်အလက်တွေကို ထပ်ပြီးမေးမြန်းဖို့ နန်ဟွိုင်လင် အိမ်ငှားတဲ့သူရဲ့ ရုံးခန်းကို သွားလိုက်တယ်။ အိမ်ပိုင်ရှင်ဖြစ်တဲ့ အဆီအစ်နေတဲ့မျက်နှာနှင့် အသက်လတ်ပိုင်းလူတစ်ယောက်က သူ့ရဲ့မကျေနပ်မှုတွေကို အိမ်ငှားနေထိုင်တဲ့သူတွေအပေါ် ဖွင့်ထုတ်ပြနေတယ်။ သူပြောနေတာက ဒီအဆောက်အအုံကို လွန်ခဲ့တဲ့ တစ်နှစ်မပြည့်ခင်ကပဲ တည်ဆောက်ခဲ့တာဖြစ်ပြီး ကုန်ကျငွေရဲ့ 20ရာခိုင်နှုန်းလောက်ကိုပဲ သူကပြန်ရသေးတာဖြစ်တယ်။ ပြီးတော့ သူထပ်ပြောတာက ဒီမြေနေရာအတွက်လိုင်စင်အစစ်မရှိခဲ့တာကြောင့် အစိုးရက သူ့ကိုလျှော်ကြေးပြန်ပေးမှာ မဟုတ်တဲ့အပြင် သူ့ရဲ့အဆောက်အအုံက ဖြိုချခံရမှာဖြစ်တယ်။ သူက သူ့ရဲ့သက်တမ်းတစ်ဝက်လောက်ကို ဒီအဆောက်အအုံဆောက်ဖို့ ရင်းနှီးခဲ့ရတာလို့ ဆက်ပြောနေပြီး အခု သူ သေချင်စိတ်ပေါက်နေပါပြီတဲ့။

နန်ဟွိုင်လင် တိတ်တိတ်လေးပြန်လှည့်ထွက်လိုက်ခဲ့တော့တယ်။

တခြားသူတွေရဲ့အခက်အခဲနဲ့ နှိုင်းယှဥ်ရင် သူကြုံနေရတာလေးက အကျယ်တဝင့်ဖော်ပြဖို့တောင် မထိုက်တန်ပါဘူး။ ဘီကျင်းကိုရောက်လာခဲ့တဲ့ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ သူ ခုနစ်ခါ ၊ ရှစ်ခါလောက် အိမ်အပြောင်းအရွေ့လုပ်ခဲ့ဘူးပြီးပြီ။ အခုက လကုန်ခါနီးတစ်ပက်လောက်ပဲကျန်တော့တာဆိုတော့ နောက်ထပ်တိုက်ခန်းတစ်ခုကို အခုချက်ချင်းစရှာမှပဲရတော့မယ်။

အိမ်ပိုင်ရှင်အစ်ကိုကြီး ပြောခဲ့တာတွေထဲကတစ်ခုရှိသေးတယ်။ ဒီပတ်ဝန်းကျင်မှာရှိတဲ့တိုက်ခန်းတွေအကုန်လုံးက ဖျတ်စီးခံရမှာမို့လို့ ပုံမှန်ရပ်ကွက်က အိမ်တစ်ခုမှာပဲ ငှားနေသင့်တယ်ဆိုပေမယ့် အိမ်ငှားနေထိုင်သူတွေက မကြာခင်အရမ်းများလာမဲ့ အိမ်ငှားခတွေကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်တဲ့။

နန်ဟွိုင်လင် သူ့ရဲ့မနက်ခင်းတစ်ခုလုံးကို 58.com(တရုတ်နိုင်ငံရဲ့ အကြီးဆုံး online market)ပေါ်ကနေ သူ့နဲ့သင့်တော်မဲ့ ဖြစ်နိုင်ခြေရှိတဲ့ အိမ်ဆယ်လုံးကျော်ကျော်လောက်ကို ရှာဖွေရင်း ကုန်ဆုံးလိုက်တယ်။ နေ့လည်ရောက်တော့ အပြင်ထွက်ပြီး သူရွေးထားတဲ့အိမ်တွေကို သွားကြည့်လိုက်တော့ စိတ်ပျက်လက်ပျက်နဲ့ပဲ ပြန်လာခဲ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပုံမှာပြထားတဲ့ပုံနဲ့ အပြင်ကတွေ့ရတဲ့နေရာက အရမ်းကို ခြားနားနေပြီး အိမ်ငှားခကလည်း အွန်လိုင်းကစျေးနှင့် အများကြီးကိုကွာနေတယ်။

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now