Chapter 25

2.8K 534 9
                                    

Uni

"ညစာ စားလို့ရပါပြီ!"

တံခါးအပြင်ဘက်က နန်ဟွိုင်လင်ရဲ့အသံက ဖေ့ချန်ရဲ့အခန်းထဲကို တိုးဝင်လာတယ်။

ဖေ့ချန် ချက်ချင်းပဲ ရှန်ချုန်းနဲ့ ဖုန်းပြောနေတာကိုရပ်တန့်ကာ ဖုန်းချလိုက်တယ်။ ပြီးမှ တံခါးကိုဆွဲဖွင့်ကာ မီးဖိုချောင်နဲ့တစ်ဆက်တည်းမှာရှိတဲ့ ထမင်းစားခန်းထဲကို လမ်းလျှောက်ဝင်လာလိုက်တယ်။

စကျင်ကျောက်ပြားထမင်းစားပွဲပေါ်မှာ သေသေသပ်သပ်ပြင်ဆင်ထားတဲ့ ပန်းကန် 4ခုနှင့် အလယ်တည့်တည့်မှာ အိုးသေးသေးလေးနဲ့ထည့်ထားတဲ့ စွတ်ပြုတ်တစ်အိုးရှိနေတယ်။

မျက်နှာကျက်ပေါ်က ချိတ်ဆွဲထားတဲ့မီးပန်းဆီက ပြန့်ကျဲကျလာတဲ့ ဝါကျင့်ကျင့်မီးအလင်းရောင်အောက်မှာ စားပွဲပေါ်က ချက်ပြုတ်ပြီးအစားအစာတွေဆီက ပူပူနွေးနွေးအငွေ့လေးတွေ ရစ်ဝဲနေကြတယ်။ နွေးထွေးပြီး ငြိမ်းငြိမ်းချမ်းချမ်းရှိတဲ့ လေထုတစ်ခုကို ဖန်တီးထားသလိုပဲ။

ဖေ့ချန် ထမင်းစားပွဲကထိုင်ခုံမှာ ဝင်ထိုင်လိုက်တဲ့အခါ နန်ဟွိုင်လင်က အနံ့မွှေးမွှေးလေးတွေ ထွက်နေတဲ့ ထမင်းတစ်ပန်းကန်ကို သူ့ရှေ့မှာလာချပေးတယ်။ ပြီးတော့ သူ့ရဲ့ပုံစံက နည်းနည်းစိတ်လှုပ်ရှားနေပြီး စူးစမ်းချင်တဲ့ မျက်လုံးတောက်တောက်လေးနဲ့ စကားပြောလာတယ်။

" စားကြည့် "

ဖေ့ချန်က တူကိုကောက်ကိုင်ပြီး အသားနဲ့ရောထားတဲ့ တို့ဖူးကို တစ်လုတ်ယူစားကာ ဘာဝေဖန်ချက်မှမပေးပဲ နောက်ထပ် ပန်းမုန်လာကြော်ကို တစ်ကိုက်ယူစားပြီး ထပ် တိတ်ဆိတ်နေပြန်တယ်။

အဲ့တာကြောင့် နန်ဟွိုင်လင် မမေးဘဲမနေနိုင်တော့ဘူး။ "အဆင်ပြေရဲ့လား?"

ဖေ့ချန်က ကြက်သားချက်ရယ်၊ ငရုတ်ပွသီးအစိမ်းနဲ့ ရောကြော်ထားတဲ့ ဝက်သားရယ်ကို ထပ်စားကြည့်ပြီး နောက်ဆုံး တို့ဖူးဟင်းရည် ပန်းကန်လုံးတစ်ဝက်လောက်ကို သောက်ပြီးမှ အဖြေပြန်ပေးလာတယ်။

"ဟို ကြော်ငြာရဲ့စာသားက ဘာပါလိမ့်? အရမ်းလက်ရာကောင်းတဲ့ စာဖိုမှူးတစ်ယောက်ကို မင်းတွေ့ခဲ့ရင် သူကိုလက်ထပ်လိုက်ပါ, မလား? ကိုယ် အခု မင်းကို လက်ထပ်ချင်သွားပြီ"

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now