Chapter 54

2.6K 543 18
                                    

{TN/ ယူတို့ chapter 53ရော တွေ့ကြရဲ့လား..viewerတွေ နည်းနေလို့}

" အင်း..အင်း..အင်း! " ဖေ့ချန် အရမ်းကိုစိတ်လှုပ်ရှားသွားရကာ မျက်ဝန်းထောင့်မှ မျက်ရည်များက သူ့အလိုလို စီးကျလာတော့သည်။ ထို့နောက် နန်ဟွိုင်လင် သူ့ကို လက်စွပ်ဝတ်ပေးမှာကိုတောင် မစောင့်နိုင်တော့ဘဲ လက်စွပ်ကို သူ့ဘာသူယူကာ သူ၏ဘယ်ဘက်လက်က လက်သကြွယ်ပေါ်တွင် ဝတ်ဆင်လိုက်သည်။

" လက်စွပ်က ကိုယ်နဲ့ ကွက်တိပဲ " ဖေ့ချန် အံ့သြသွားပြီး ဘေးက နန်ဟွိုင်လင့်မျက်နှာကို ဆွဲမကာ အတင်းနမ်းပစ်လိုက်သည်။

" မိန်းမ..မင်းက အရမ်းချစ်ဖို့ကောင်းတာပဲ...ကိုယ် မင်းကို အရမ်းချစ်တယ် "

" နေဦး..ကိုယ့်ရဲ့ဖုန်း ဘယ်မှာလဲ? " ဖေ့ချန် စောင်ဖယ်ပြီး ခေါ်အုံးကိုဆွဲမ,ကာ ဖုန်းလိုက်ရှာလိုက်သည်။ " မိန်းမ...ကိုယ့်ဖုန်းတွေ့သေးလား? "

" မတွေ့ဘူး " ဖေ့ချန်ရဲ့ ပြာယာခက်နေတဲ့အမူအရာလေးကိုကြည့်ကို သူပြုံးလိုက်မိသည်။ " ဘာလို့ ရုတ်တရက်ကြီး ခင်ဗျားဖုန်းကို လိုက်ရှာနေတာလဲ? "

" စူးကျိုးမှာရှိတဲ့ ကိုယ့်ရဲ့ ယောက္ခမတွေကို သွားတွေ့ဖို့လေ " ဖေ့ချန် ငုံ့ကာ ကြမ်းပြင်ပေါ်က သူ့ဘောင်းဘီတွေကို ဆွဲယူလိုက်သည်။ " ကိုယ် လေယာဥ်လက်မှတ် မြန်မြန်ဖြတ်မှရမယ်...ဟေး..ကိုယ်တို့ရဲ့ ပထမဆုံးတွေ့ဆုံမှုမှာ ဘာလက်ဆောင်ပေးရရင် ကောင်းမလဲ? ဗီလာတစ်ခုဆိုရင်ရော? "

" ကျတော် သူတို့အတွက် အိမ်အသစ်တစ်ခု ဝယ်ပေးမယ်ဆိုပြီး ပြောသေးတယ်..ဒါပေမယ့် သူတို့က အိမ်မပြောင်းချင်ကြဘူးလေ...အဲ့အိမ်မှာနေလာတာ သူတို့သက်တမ်းတစ်ဝက်လောက်ရှိနေတာလဲပါတာပေါ့..ပြီးတော့ အိမ်နီးချင်းတွေနဲ့လည်း သူတို့က သံယောဇဥ်တွေရှိနေတော့ အိမ်ပြောင်းလို့ရှိရင် မနေတက်မထိုင်တက်ဖြစ်မှာစိုးလို့တဲ့ " နန်ဟွိုင်လင် လက်လှမ်းပြီး ဖေ့ချန်ကို သူ့ဆီ ပြန်ဆွဲယူလိုက်သည်။ " အရမ်းစိတ်မလှုပ်ရှားပါနဲ့..ကျတော်ပြောတာကို အရင်နားထောင်ပါဦး "

ထိုအခါ ဖေ့ချန်က သူ့ကို တောက်ပနေတဲ့မျက်ဝန်းများဖြင့် ကြည့်လာသည်။ " ပြောလေ..ကိုယ် နားထောင်နေတယ် "

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now