Chapter 69

1.2K 242 11
                                    

ဖေ့ချန်လို လူသားဖက်လုံးကြီးမရှိတော့ နန်ဟွိုင်လင် ညက ကောင်းကောင်းအိပ်လို့ မရခဲ့ပေ။ မနက် ၈နာရီတွင် မိန်ထျန်ကျူး ဖုန်းဆက်လာတာကြောင့် သူ နိုးသွားတော့သည်။

" MWKက ငါ့ဆီ ဖုန်းဆက်တယ် " မိန်ထျန်ကျူးက ပြောလာ၏။ " မင်းကို ဒရိုင်ဘာနဲ့ အထူးတလည် လာကြိုပေးမယ်တဲ့ "

" အင်း..သိပြီ "

ဖုန်းချပြီးနောက် သူ အိပ်ယာထဲမှာ နှစ်မိနစ်လောက် လဲလျောင်းနေပြီးမှ ထကာ ရေချိုးသန့်စင်လိုက်သည်။ ထို့နောက် ဆံပင်ကို ဒရိုင်ယာဖြင့် လေမှုတ်အခြောက်ခံနေစဥ် တံခါးဘဲမြည်လာတာကြောင့် ရေချိုးဝတ်ရုံဝတ်ကာ သွားဖွင့်လိုက်သည်။

အပြင်ဘတ်တွင် နိုင်ငံခြားသားမိန်းကလေး နှစ်ယောက် ရပ်နေတာကို သူ တွေ့လိုက်ရ၏။

" ဟိုင်း...Mr.နန်ဟွိုင်လင် ဆိုတာလားရှင့်? " ကောင်မလေးတစ်ယောက်က ချိုသာစွာပြုံးရင်း မေးလာ၏။

" ဟုတ်ပါတယ်...မင်းတို့က? "

" ကျမတို့က Amaniက ဝန်ထမ်းတွေပါရှင့်...မင်းရဲ့ယောကျ်ား Mr.ဖေ့ချန်က မင်းအတွက် အဝတ်အစားနဲ့ ဖိနပ်တစ်ချို့ မှာယူထားပြီး အိမ်အထိလာပို့ပေးဖို့ ပြောထားလို့ပါရှင် "

ထိုအချိန်မှ သူတို့လက်ထဲက အိတ်တွေသယ်ထားတာ သူသတိပြုလိုက်မိသည်။ ပုံမှန်အားဖြင့်တော့ သူက သွားနေတဲ့လမ်းမှာရှိတဲ့ အနီးနားက ရှောပင်းမောတစ်ခုမှာပဲ ဖော်မယ်ကျတဲ့ဝတ်စုံတစ်ခုကို ဝယ်ဖို့ စီစဥ်ထားတာဖြစ်သည်။ သိုပေမယ့် ဖေ့ချန်က ဒီလို သူ့အိမ်တံခါးထိရောက်အောင်လာပို့ပေးလိမ့်မယ်လို့တော့ မထင်ထားချေ။

သူ ကောင်မလေးတွေကို အခန်းထဲဝင်ဖို့ ခွင့်ပြုရင်းဖြင့် အလုပ်များသွားရသည်။ သူတို့က အိတ်တွေကို အထဲသယ်ပို့ပေးပြီးနောက် ပြန်ထွက်သွားကြ၏။ နန်ဟွိုင်လင် အိတ်တွေထဲက ရှိသမျှအရာအားလုံးကို ထုတ်ကာ အိပ်ရာပေါ်မှာ ဖြန့်ကျဲထားလိုက်၏။

ခန္ဓာကိုယ်နဲ့ကွတ်တိကျအောင် ချုပ်ထားတဲ့ ဝတ်စုံရယ်၊ ရှပ်လက်ရှည်တစ်ထည်ရယ်၊ လယ်သာရှူးဖိနပ်တစ်ရံရယ်၊ နက်ကတိုင်တစ်ခုရယ်၊ လက်ကြယ်သီးတွေရယ်၊ နာရီတစ်လုံးရယ်၊ အောက်ခံဘောင်းဘီနှင့်ခြေအိတ်ကစ ပါသည်။

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now