Chapter 36

2.1K 430 13
                                    

သူတို့နှစ်ယောက် ဆေးရုံကိုရောက်တော့ နန်ဟွိုင်လင် ဖေ့ချန်ကို မေးလိုက်၏။

" ကျတော် ဘယ်ဆေးဌာနကို သွားပြီး ပြရမှာလဲ? "

ဖေ့ချန်က ခနစဥ်းစားနေပြီးမှ ပြန်ဖြေလာ၏။ " ပလက်စတစ်ဆာဂျရီလုပ်တဲ့နေရာ "

ထို့ကြောင့် သူတို့နှစ်ယောက် ပလက်စတစ်ဆာဂျရီလုပ်သည့်ဌာနဆီ သွားလိုက်ကြပြီး မိနစ်20လောက် စောင့်လိုက်ရပြီးနောက် ဆရာဝန်ရုံးခန်းထဲကို သူတို့နှစ်ယောက် အတူတူ ဝင်လာလိုက်ကြသည်။ ချောမောလွန်းတဲ့ ယောက်ျားလေးနှစ်ယောက်က သူမရုံးခန်းထဲကို ဝင်လာတာမြင်တော့ ဆရာဝန်မရဲ့မျက်နှာက အပြုံးတွေဝေဖြာသွားတော့၏။

ထိုင်ရမည့်နေရာမှာ ဝင်ထိုင်ကြရင်း နန်ဟွိုင်လင် အခုသူ့ရဲ့အခြေအနေကို ဘယ်လိုပြောပြရမလဲ မသိတာကြောင့် သူ့ဘေးမှာထိုင်နေတဲ့ ဖေ့ချန်ကိုပဲ အားကိုးစွာ လှည့်ကြည့်လိုက်၏။

ဖေ့ချန်, " ဒေါက်တာ..ဒီလိုပါ...ကျတော့်သူငယ်ချင်းရဲ့ မျက်နှာက ရုတ်တရက်ကြီး ချောလာလို့ပါ...အဲ့တာ ပလက်စတစ်ဆာဂျရီကြောင့်လား..သူ့ဘာသာ အရွယ်ရောက်လာလို့များလားတော့ မပြောတက်ဘူး။ ကျတော့်အထင်တော့ သူ ရောဂါတစ်ခုခုများဖြစ်နေတာလားလို့..အဲ့တာ ကျတော် ဆရာဝန်နဲ့တိုင်ပင်ကြည့်ချင်လို့ သူ့ကိုခေါ်လာတာ "

ဆရာဝန်မ , "....."

သူမရဲ့မျက်နှာပေါ်က အပြုံးက ချက်ချင်းပျောက်ကွယ်သွားပြီး ကြည့်တက်မယ်ဆို သူမရဲ့ မျက်လုံးကတောင် စကားပြောနေပြီဖြစ်၏။ မင်းတို့ ပလက်စတစ်ဆာဂျရီဌာနကို မလာဘဲ စိတ်ရောဂါကုဆီ သွားသင့်တယ်....

သူ့စကားကိုသက်သေပြဖို့ ဖေ့ချန်က ဖုန်းထုတ်ကာ ဆရာဝန်မဆီကို သွားကာ သူ့ဖုန်းထဲက ပုံကိုပြလိုက်၏။ " ဒီပုံက..သူ့ရဲ့ လွန်ခဲ့တဲ့နှစ်လကပုံပါ " ထို့နောက် ဖေ့ချန်က နန်ဟွိုင်လင်ရဲ့မေးစေ့ကို မ,လိုက်၏။ " အခု သူ ဒီလိုပုံဖြစ်သွားတယ်..အဲ့တာ တော်တော် ပြောင်းလဲသွားတယ် မလား? "

ဆရာဝန်မက ဖေ့ချန်ဖုန်းထဲက ဓာတ်ပုံကို ယူကြည့်လိုက်သည်။

ဒီပုံက အိပ်ယာထဲမှာ ရိုက်ထားတဲ့ စုံတွဲပုံလေးတစ်ပုံဖြစ်သည်။ တစ်ယောက်က ဓာတ်ပုံရိုက်တဲ့သူရဲ့လက်မောင်းကြားထဲမှာ ကြောင်လေးတစ်ကောင်လိုအိပ်ပျော်နေပြီး ထိုဓာတ်ပုံရိုက်တဲ့သူရဲ့ မျက်နှာပေါ်မှာတော့ အပြုံးပန်းတွေ ဝေဖြာနေတဲ့ ပုံလေးဖြစ်၏။

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now