Chapter 28 ( Uni)

2.7K 510 27
                                    

'ကြယ်နိုင်ငံ' ဝတ္ထုဖတ်ပြီးသွားတော့ နန်ဟွိုင်လင် ချက်ချင်းပဲ ဇာတ်ညွှန်းကိုလေ့လာကြည့်ဖို့ စလိုက်တယ်။ ဇာတ်ညွှန်းရေးတဲ့သူက ဝတ္ထုရဲ့မူရင်းစာရေးသူပဲဆိုတော့ ဇာတ်ညွှန်းက မူရင်းဝတ္ထုနဲ့ တော်တော်လေးကိုတူတယ်။ မူရင်းဝတ္ထုမှာ ဖန်တွေသဘောကျတဲ့ ကြည်နူးဖို့အကောင်းဆုံးဇာတ်ကွက်တွေကလည်း ပင်ကိုအားဖြင့် ပြောင်းလဲသွားခြင်း မရှိခဲ့ဘူး။

နန်ဟွိုင်လင်ရဲ့ စျာန်က အဲ့ဒီဝတ္ထုထဲမှာ လုံးဝကို နှစ်မြုပ်သွားတယ်။ သူ့ရဲ့စိတ်ထဲမှာ ဝတ္ထုဖတ်ပြီးလို့ ရှင်သန်နေတဲ့ စကားလုံးတွေကနေ Lu JinQinက သူ့ရဲ့ ဘဝထဲကို ရောက်ရှိလာတယ်။ ဘယ်လောက်တောင်လဲဆိုရင်..Lu JinQinပြောနေတဲ့ စကားတွေကို ကြားလာရတယ်၊ သူ့ရဲ့ မျက်နှာအမူအရာ၊ မျက်လုံး၊ လှုပ်ရှားမှုတွေကို မြင်နေရတယ်။ နောက်ပြီးသူ့ရဲ့ အချစ် အမုန်း ဖြစ်ပေါ်မှုတွေပါ ခံစားလာရတယ်။ သူတို့နှစ်ယောက်က တစ်ယောက်တည်း ဖြစ်လာသလိုပဲ။

တစ်ချိန်တည်းလိုလိုမှာပဲ နန်ဟွိုင်လင်က 'အိပ်မက်အသစ်တွေနောက်လိုက်ခြင်း' ဇာတ်ကားအတွက် လူရွေးပွဲ ဝင်ပြိုင်ဖို့လည်းပဲ ပြင်ဆင်နေရတယ်။

သူက မင်းရှိ ရဲ့ သုတ်သင်ဖယ်ရှားခြင်းဆိုတဲ့ ခြိမ်းခြောက်မှုကြီးအောက်မှာ မရှိတော့ပေမယ့်လို့ တခြားဇာတ်လမ်းမှာသရုပ်ဆောင်ရဖို့ အခွင့်အရေးတွေကိုလည်း သူ ဖမ်းဆုပ်ထားဖို့ ကြိုးစားရမှာပဲ။ သရုပ်ဆောင်ပြိုင်ပွဲမှာ သူက အခုထက်ထိရွေးချယ်မခံရသေးပေမယ့် သရုပ်ဆောင်ဖို့ ဇာတ်ကောင်နေရာတစ်ခုရှိနေတဲ့အတွက် ဘုရားကို ကျေးဇူးတင်ရမှာပဲ။

သောကြာနေရဲ့ မနက်ခင်း 10နာရီမှာ နန်ဟွိုင်လင် ရုံးခန်းကို အချိန်မှီရောက်လာခဲ့တယ်။

မနေ့တုန်းက ရှန်မင်အန်က သူ့ဆီကို ဖုန်းခေါ်လာပြီး ဒီနေ့ 'အိပ်မက်အသစ်တွေနောက်လိုက်ခြင်း'အတွက် လူရွေးပြိုင်ပွဲရှိတာကြောင့် လာခဲ့ဖို့ ပြောခဲ့တယ်။ နောက်တစ်ပတ်မှာ ရှိတဲ့ 'ကြယ်နိုင်ငံ' ရိုက်ကွင်း မ စ ခင် သရုပ်ဆောင်ပြိုင်ပွဲကို အစီအစဥ်ဆွဲပေးထားတာ နန်ဟွိုင်လင် အရမ်းကို ကျေးဇူးတင်ချင်သွားတာပဲ။ မဟုတ်ရင် သူ ဝင်ပြိုင်နိုင်ဖို့က မသေချာသလောက်ပဲ။

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now