Chapter 49

2.5K 511 27
                                    

နောက်နေ့မနက် နန်ဟွိုင်လင် အိမ်ကထွက်မလာခင်မှာ အမယန်(ဖေ့ချန်ခေါ်ပေးထားသည့် အိမ်အကူ)ကို သတိပေးလိုက်သည်။

" အမယန်..ကျတော် အိပ်တဲ့အခန်းကို ကျတော့်ဘာသာပဲ သန့်ရှင်းရေးလုပ်မယ်နော်..အဲ့တာကြောင့် အဲ့အခန်းထဲ မဝင်တော့နဲ့ "

အမယန်က ခေါင်းညိမ့်ပြလာသည်။ " ဟုတ်ပါပြီ..အမ မှတ်ထားပါမယ် "

အိမ်ကထွက်လာပြီးနောက် သူ ရုံးကို လမ်းလျှောက်လာလိုက်တာ ဆယ်မိနစ်တောင် မကြာလိုက်ပေ။ ရှန်မင်အန်က လွန်ခဲ့တဲ့နာရီဝက်က ဖုန်းခေါ်ပြီး သူ့ကိုရုံးခန်းကိုလာဖို့ ခေါ်ထားတာကြောင့် သူမ,မပြောဘူးဆိုရင်တောင် သူ့အတွက် ဇာတ်ကောင်အသစ်တစ်ခုပေးဖို့ဆိုတာ နန်ဟွိုင်လင် ခန့်မှန်းမိပါ၏။

အလုပ်ရှုပ်နေရတာကို သူပိုပြီး ခုံမင်မိတယ်။ ဘာလို့လဲဆိုတော့ အလုပ်ရှုပ်နေရင် သိပ်မတွေးဖြစ်ဘူး။ အချိန်တွေကုန်တာလဲ ပိုမြန်သလိုပဲ။ ပြီးတော့ အခုဆို အိမ်ကိုလွမ်းတယ်ဆိုတဲ့ ခံစားချက်ကိုရော၊ တစ်ရက်ကိုဖြတ်သန်းရတာ နှစ်တွေအများကြီးကိုဖြတ်သန်းရသလိုပဲ အရမ်းကြာတယ်ဆိုတာကိုရော သူ ကောင်းကောင်းကြီးသိနေပြီဖြစ်သည်။

သူ ကုမ္ပဏီကိုရောက်တော့ မတွေ့ရတာ ခြောက်လကျော်လောက်ကြာပြီဖြစ်တဲ့ ရွမ်ရှင်းဆီကို အရင်ဆုံး အပြေးသွားတွေ့လိုက်တယ်။

ဖေ့ချန်ထွက်မသွားခင်က သူ အခက်အခဲရှိရင် ရွမ်ရှင်းကိုပြောလို့ရတယ်လို့ ပြောခဲ့ပေမယ့် ဒီနတ်ဘုရားကို အနှောက်အယှက်ပေးမိမှာ နန်ဟွိုင်လင် စိုးရိမ်၍ဖြစ်သည်။ ဖေ့ချန်က အဝေးရောက်နေတာဆိုတော့ ဒီနတ်ဘုရားက သေလောက်အောင်အလုပ်ရှုပ်နေမှာပဲလေ..အဲ့တာကို သူက ဘယ်လိုအရှုပ်တွေ ထပ်ပေးရဲမှာတဲ့လဲ?

" ရှောင်နန်? " ရွမ်ရှင်းက သူ့ကို အံ့သြစွာနဲ့ကြည့်လာတယ် " မင်း....ငါ မင်းကိုတောင် ဆက်ခနဲ မမှတ်မိဘူး "

နန်ဟွိုင်လင် ရှက်ရှက်နဲ့ ​ပြန်ဖြေလိုက်တယ် " လွန်ခဲ့တဲ့ခြောက်လက ကျတော် ကိုယ်ကိုကိုယ်ပိုကောင်းအောင် ဂရုစိုက်လို့ပါ..ပလက်စတစ်ဆာဂျရီမလုပ်ထားပါဘူး " သူပြောတာကို ရွမ်ရှင်းမယုံမှာကြောက်တာကြောင့် သူ့လက်နဲ့နှာခေါင်းကို ဆိတ်ပြလိုက်ပြီး မျက်နှာကိုရော ပွတ်သပ်ပြလိုက်သည်။ " တကယ်ပြောတာပါ "

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now