နန်ဟွိုင်လင် မုန့်သွားစားချင်တဲ့ကွမ်ချန်းလမ်းကိုရောက်တော့ ဖေ့ချန်က သူ့ထက်တောင် အစားတွေပိုစားနေပြီး တစ်လမ်းလုံးက မုန့်တွေအကုန်လုံးကို စားချင်နေတော့သည်။ ဖေ့ချန်မှာ ဘာထည့်ထည့်မပြည့်တဲ့အစာအိမ်ရှိမှန်းတော့ နန်ဟွိုင်လင် သိပေမယ့် အစာမကြေဖြစ်မှာစိုးရိမ်တာကြောင့် 'ထောင်လွှားမှုမရှိတဲ့အုပ်ချုပ်ရေးမှူး ဥယျာဥ်'ဆီကို လည်ပတ်ဖို့ ဆွဲခေါ်လာခဲ့သည်။
'ထောင်လွှားမှုမရှိတဲ့အုပ်ချုပ်ရေးမှူး ဥယျာဥ်'က ကွမ်ချန်းလမ်းရဲ့ မြောက်ဘက်စွန်းစွန်းအပိုင်းမှာ တည်ရှိတာကြောင့် ငါးမိနစ်လောက်ထပ်လမ်းလျှောက်လိုက်ရသည်။ ဥယျာဥ်ကိုကြည့်ဖို့လုပ်ထားတဲ့အဆောင်တွေရယ်၊ ရေထဲမှာဆောက်ထားတဲ့အဆောင်တွေရယ်၊ ပန်းပွင့်တွေရယ်၊ သစ်ပင်တွေရယ်နဲ့ပြည့်နေတာကြောင့် ရှေးခတ်ကို ပြန်ရောက်သွားသလို ခံစားရစေသည်။ ခေါင်ရမ်းပန်းတွေကြည့်လို့ရတဲ့အဆောင်ကနေ ရေကျသံတွေနားထောင်ရင်း ကြာပန်းတွေရှိတဲ့နေရာကို အဆောင်လေးခုလောက်ထိ ဖြတ်သန်းကာ ရောက်ရှိလာခဲ့သည်။
ထို့ကြောင့် နန်ဟွိုင်လင် အနည်းငယ်မောပန်းလာတာကြောင့် အနီးနားကအဆောင်မှာ အနားယူဖို့ ထိုင်ချလိုက်သည်။
ယခုအဆောင်က ရေအလယ်မှာဆောက်လုပ်ထားပြီး ဘေးပတ်လည်မှာကြာပန်းများဖြင့် ဝန်းရံထား၏။ လေတစ်ချက်အဝေ့ ကြာပန်းရနံ့က မျက်နှာဆီကို ထိခက်လာချိန်မှာ အေးမြလန်းဆန်းမှုကို တစ်ဖန်ပြန်လည် ခံစားလာရသည်။" ကျတော် ရုတ်တရက် အတွေးတစ်ခုဝင်လာတယ် " နန်ဟွိုင်လင် ပြုံးကာဆိုလိုက်သည်။ " ဒါက ကျတော်တို့ရဲ့ ပထမဆုံးတရားဝင်ဒိတ် လိုမျိုးပဲနော် "
YOU ARE READING
ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)
Romanceကျတော့ရဲ့ gongက အမြီးအကြီးကြီးနဲ့ နဂါးကြီး