Chapter 23

2.8K 552 19
                                    

Uni

နန်ဟွိုင်လင် နေ့လည်ကစပြီး ညနေမှောင်စပျိုးချိန်အထိ ဟိုနားကအိမ်ပြေးကြည့်လိုက် ဒီနားကအိမ်ပြေးကြည့်လိုက် လုပ်ခဲ့ပေမယ့် သူ့ရဲ့စိတ်ကို ကျေနပ်မှုပေးနိုင်တဲ့ တိုက်ခန်းတစ်ခုလေးကိုမှ ရှာမတွေ့ခဲ့ဘူး။ ပြီးတော့ အခုအချိန်တိုက်ခန်းငှားရတာက ဟိုအရင်အချိန်တွေနဲ့စာရင် အများကြီး ပိုခက်ခဲနေတယ်။

အိမ်အပြန်လမ်းပေါ်က မြေအောက်ရထားထဲမှာထိုင်နေရင်း သူခံစားနေရတာက စိတ်ရောကိုယ်ရော မောပန်းနွမ်းနယ်မှုတွေပဲ။ ရထားပေါ်က ထိုင်ခုံပေါ်မှာ ကျောနှင့် မှီထိုင်ပြီး မျက်လုံးလေးမှိတ်လိုက်ခါစရှိသေး ရုတ်တရက် သူ့ရဲ့ဖုန်းက အသံမြည်လာတယ်။ ခေါ်ဆိုတဲ့သူ IDက ဖေ့ချန်တဲ့..

နန်ဟွိုင်လင် လည်ချောင်းအရင်ရှင်းကာ ကတိုက်ကရိုက်ပြန်ဖြေလိုက်တယ်။

"ဟယ်လို..ဒါရိုက်တာ"

"ကိုယ့်ကို ဒါရိုက်တာလို့ မခေါ်နဲ့လို့ ဘယ်နခါပြောရမှာလဲ? အဲ့ဒါက ဌာနခေါင်းဆောင်ကို ခေါ်တာနဲ့ တူနေသလိုပဲ..အဲ့တာနဲ့စာရင် ကိုယ့်ရဲ့ ရှေ့ဆုံးနာမည်ကိုခေါ်တာကမှ ပိုကောင်းဦးမယ်.."

နန်ဟွိုင်လင်, " အို့.. "

" မင်းအိမ်ငှားလို့ ပြီးသွားပြီလား? "

"အခုထက်ထိ ရှာမတွေ့သေးပါဘူး"

ဖေ့ချန် ပြုံးလိုက်မိတယ်။ "ကောင်းတယ်..ကိုယ်နဲ့အတူလာနေဖို့ ရွေ့ခဲ့လိုက်တော့.."

နန်ဟွိုင်လင်, " ....ဟင်? "

"မင်းအခု ဘယ်မှာလဲ?"

ဖေ့ချန်ရဲ့စကား အဆက်အစပ်မရှိမှုတွေကြောင့် နန်ဟွိုင်လင် အတွေးတွေများနေတယ်။ "မြေ..အောက်ရထားပေါ်မှာ...."

ဖေ့ချန်က ထပ်မေးတယ်။ " နောက်တစ်မှတ်တိုင်က ဘယ်နေရာလဲ? "

အဲ့ဒီအချိန်မှာ မြေအောက်ရထားပေါ်က စပီကာ(speaker)က နောက်ထပ်ရောက်ရှိမဲ့ ဘူတာရုံကို ကြေညာလာတယ်။ "အခုရောက်ရှိမဲ့ ဘူတာရုံကတော့ Jianguomen ဘူတာရုံပဲဖြစ်ပါတယ်ရှင့်..ကျေးဇူးပြုပြီး ထွက်ခွါမည့် ခရီးသည်များ အဆင်သင့်လုပ်ပေး...."

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now