၁၄နာရီကြာအောင် လေယာဥ်စီးပြီးနောက် နယူးရောက်အချိန် မနက်ခင်း ၁၁နာရီမှာ လေဆိပ်ကို ဆိုက်ရောက်လာခဲ့သည်။ လေယာဥ်ပေါ်မှာလည်း ကောင်းကောင်းအိပ်မပျော်ခဲ့တာကြောင့် အခုချိန်မှာ မျက်လုံးကို အားယူကာဖွင့်ထားရပြီး အရမ်းအိပ်ချင်နေတော့သည်။ ထို့ကြောင့် အငှားကားထဲကို ဝင်လိုက်တာနဲ့တစ်ပြိုင်နက် ခေါင်းငိုက်စိုက်ကြသွားတော့၏။ သိပ်မကြာခင် သူ အိပ်မောကျခါနီးမှာ အနားက ဖုန်းမြည်သံကြောင့် လန့်နိုးသွားပြီး အမြန်ကောက်ကိုင်လိုက်ရသည်။ ဖေ့ချန်ဆီက ဖုန်းဝင်လာခြင်းဖြစ်သည်။
" ကျတော် ရောက်ပြီ...အငှားကားပေါ်မှာ ဟိုတယ်သွားနေတယ် "
" အသံက ဘယ်လိုဖြစ်နေတာလဲ? ထပ်ဖျားပြန်ပြီလား? " ဖေ့ချန်က စိုးရိမ်စွာပြောလာသည်။
" ဟုတ်ဘူး " နန်ဟွိုင်လင် မျက်လုံးတွေ ပြန်ကာမှတ်ကျသွား၏။ " အိပ်ချင်နေတာ "
" လူရွေးပွဲက မနက်ဖြန်မလား? "
" အမ်-အမ်း...မနက်ဖြန်မနက် ၁၀နာရီ "
" ဘယ်မှာလုပ်မှာလဲ? "
သူ မိန်ထန်ကျူးကိူ လှည့်ကာမေးလိုက်၏။ " အမကျူး...မနက်ဖြန် လူရွေးပွဲကို တန်းသွားမှာလား? "
" အင်း "
" အေဂျင်စီကိုသွားရမှာ " နန်ဟွိုင်လင် ဖုန်းထဲကို ပြန်ဖြေလိုက်၏။ " ဘယ်လို့ သေးသေးလေးကစလိုက်မေးနေတာလဲ? စိတ်ပူတယ်ပေါ့? "
" တကယ် ထိန်းဖို့ခက်တယ် "
" ကျတော်က သုံးနှစ်ကလေး မဟုတ်ပါဘူးနော် " နန်ဟွိုင်လင် ရယ်ကာဆိုလိုက်သည်။
ဖေ့ချန် ခနလောက် စကားဆက်ပြောချင်ပေမယ့် တဖက်လူရဲ့အသံထဲမှာ မောပန်းခြင်းတွေ စွန်းထင်းနေတော့ သူ ရှေ့ဆက်မတိုးနိုင်တော့ဘဲ သတိထပ်ပေးဖို့သာ တက်နိုင်တော့သည်။ " ဟိုတယ်ရောက်လို့ရှိရင် မအိပ်ခင် တစ်ခုခုအရင်စား ကြားလား? "
" အင်း "
" နိုးရင် ဖုန်းခေါ် "
" အိုကေ "
ဖုန်းချပြီးနောက် ဘေးနားက မိန်ထျန်ကျူးဆီမှ သက်ပြင်းချသံကို ကြားလိုက်ရ၏။
YOU ARE READING
ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)
Romanceကျတော့ရဲ့ gongက အမြီးအကြီးကြီးနဲ့ နဂါးကြီး