Chapter 38

2K 430 14
                                    

အပေါ်ကနေဖေ့ချန် ဖိထားတာကို ခံနေရချိန်မှာ ရုတ်တရက် မိုးချုန်းသံတွေနဲ့အတူ သဲထန်စွာရွာခဲ့တဲ့ မိုးညတစ်ညကို နန်ဟွိုင်လင် သတိရသွားမိသည်။ အခုလိုပဲ အဲ့ညမှာ အရက်မူးနေတဲ့ဖေ့ကျန်းက သူ့ကို ဖိထားခဲ့တာ။

မတူတာဆိုလို့ အဲ့ညက သူ့ရဲ့ ညအချိန်မျက်စိမမြင်မှုကြောင့် ဘာမှမမြင်ခဲ့ရတာနဲ့....အခုအချိန်ကြတော့ ဖေ့ချန်ရဲ့မျက်နှာနှင့် ပူလောင်ပြင်းပြနေတဲ့မျက်ဝန်းတွေကို အနီးကပ် ရှင်းရှင်းလင်းလင်း မြင်နေရတာပဲ ကွာခြားတာဖြစ်၏။

သူ့ နှလုံးသားက ရပ်တန်းသွားတော့မတက်ကို နန်ဟွိုင်လင် စိတ်လှုပ်ရှားလွန်းနေကာ သူ့အပေါ်ကလူကို မျက်လုံးတွေပြူးကျယ်စွာနဲ့ ကြည့်နေမိရင်း ထိုလူ့နာမည်ကို ခက်ခက်ခဲခဲနဲ့ အော်ခေါ်လိုက်၏။

" ဖေ့...ချန်! "

ဖေ့ချန်က မလှုပ်မယှက်နဲ့ သူ့ကို ဆက်ဖိထားပြီး မျက်တောင်မခက်တန်း စိုက်ကြည့်နေသည်။

ထိုသို့အသံတိတ်ငေးမောကြည့်နေတာ ခံရတော့ မုန်းတိုင်းမလာခင် လေငြိမ်နေသလိုမျိုး သူ စိတ်အေးအေး မထားနိုင်တော့ပေ။ ဒါပေမယ့်လည်း သူ ဒီအခြေအနေကို ပျက်ယွင်းသွားအောင် တစ်ခုခု မလုပ်ရဲဘူး..တော်ကြာ သူတစ်ခုခုလုပ်လိုက်မှ ပိုပြီးဆိုးရွားတဲ့ မိုးတိုင်းထဲကို ကျရောက်သွားမှာ စိုးရိမ်မိသည်။

ရာစုနှစ်တစ်ခုကျော်ကျော်လောက်ထိ ကြာသွားတယ်လို့ ထင်ရတဲ့အချိန်ကျမှ ဖေ့ချန်က သူ့မျက်နှာနားကို တစ်ဖြေးဖြေး တိုးကပ်လာသည်။ ဖေ့ချန်က သူ့ကို နမ်းတော့မယ်လို့ထင်လိုက်တာကြောင့် နန်ဟွိုင်လင် ဘာမှထပ်မတွေးနိုင်တော့ဘဲ သူ့မျက်လုံးတွေကို မှိတ်ချပစ်လိုက်တော့သည်။

မထင်မှတ်ထားစွာပဲ ဖေ့ချန်မျက်နှာက သူ့လည်ပင်းကြားထဲကို တိုးဝင်းလာရင်း သူ့ကိုဖက်တွယ်ထားတဲ့လက်အစုံကလည်း လှိမ့်ကာနေရာပြောင်းသွားတာကြောင့် တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်အိပ်နေတဲ့ အနေအထားကို ရောက်ရှိသွား၏။ ဒါပေမယ့်လည်း ဖေ့ချန်ရဲ့လက်တွေခြေထောက်တွေကတော့ သူ့ကို ဝက်ဝံရုပ်တစ်ရုပ်လိုမျိုး တင်းတင်းကြပ်ကြပ် ခွဖက်ထားသည်။

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now