Chapter 30 ( Part 2)

2.3K 426 9
                                    

နန်ဟွိုင်လင် နိုးလာတော့ နေတော်တော်မြင့်နေပြီ။ တောက်ပတဲ့နေအလင်းရောင်က သူ့ရဲ့မျက်လုံးတွေကို ပွင့်ဖို့ မစွမ်းဆောင်နိုင်ခဲ့ဘူး။ ဖုန်းကိုဆွဲယူပြီး အချိန်ကို ကြည့်ဖို့လုပ်တော့ ဖုန်းက အားကုန်ပြီး ပါဝါ, ပါပိတ်နေတယ်။

နန်ဟွိုင်လင် အားသွင်းကြိုးယူပြီး အားသွင်းကာ ဖုန်းကိုဖွင့်ကြည့်တော့ ရုတ်တရက် လန့်ဖျက်သွားတယ်။ ဘာလို့လဲဆိုတော့ ဖုန်းရဲ့မျက်နှာပြင်ပေါ်မှာ မက်ဆေ့ပို့ထားတဲ့ ကမောက်ကမ နိုတီဖီကေးရှင်းတွေကို မြင်လိုက်ရလို့။

ဒီလို ရေတွက်ဖို့ မဖြစ်နိုင်တဲ့ မက်ဆေ့အများကြီးက သူ့ရဲ့ Webioကနေလာတာပဲ။

Home screenဆီရောက်တော့ Weibo iconရဲ့ အပေါ်မှာ ထိတ်လန့်လောက်စရာ အနီရောင် နံပါတ်ကိုတွေ့ပြီး သူရဲ့စိတ်ထဲမှာ နဲနဲလေးလံသွားတယ်။

Weibo iconပေါ်မြန်မြန်နှိပ်ပြီး မက်ဆေ့ကျတဲ့ သတိပေးစာကို ပိတ်လိုက်တယ်။ ထို့နောက် သူ့ရဲ့ ကိုယ်ပိုင် Weibo pageကိုသွားပြီး ဖော်လိုဝါကို တစ်ချက်ကြည့်ကြည့်လိုက်တယ်။ အရင်က ဖော်လိုဝါ 100တောင်မကျော်ခဲ့တဲ့ သူ့ရဲ့အကောင့်က အခုဆို တစ်ညတည်းနဲ့ တစ်သောင်းကျော်နေပြီ။ ထို့အပြင် သူ နောက်ဆုံးတင်ခဲ့တဲ့ postအောက်မှာလည်း ကွန့်မန့် 2ထောင်ကျော် ရှိနေပြန်တယ်။

commentတွေကို ကြည့်ဖို့ နှိပ်လိုက်တော့ နောက်တစ်စက္ကန့်အတွင်းမှာပဲ ကမ္ဘာကြီးပေါ်မှာနေထိုင်တဲ့ လူတွေအကုန်လုံးရဲ့ အငြိုးအတေးတွေကို ခံစားလိုက်ရတယ်။

@ ကျန်းထရန်ကိုချစ်တယ် : [ နင်ရုပ်ဆိုးနေတာ နင်ရဲ့အမှားမဟုတ်ဘူး။ နင်ရုပ်ဆိုးပြီး ရွံစရာကောင်းနေတာကမှ နင်ရဲ့ တကယ့်အမှား ]

@ ကြောင်ဖြူလေးအကြောင်း နေ့တိုင်းတင်မယ် : [ ကျန်းထရန်ရဲ့ ဇာတ်ကောင်ကို ခိုးတယ်ပေါ့လေ! နင်က သခိုးဆိုတာနဲ့ ထိုက်တန်တယ်! ]

@ LoveSugarNutty : [ နာမည်ရှိပြီးသား တခြားမင်းသားတစ်ယောက်ရသွားတယ်ဆိုရင်တောင် ဘာမှပြောမှာမဟုတ်ဘူး။ ဒါပေမယ့် အခုရသွားတာက ရုပ်ဆိုးဆိုးအပေါစား အပျက်ကောင်တဲ့။ နင့်ကို စောက်ထင်မကြီးဘူး ]

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now