Chapter 42

2.1K 448 11
                                    

မနက်စာ စားပြီးနောက် ဖေ့ချန်က ရုံးကိုထွက်သွားတော့သည်။

နန်ဟွိုင်လင်ကတော့ တစ်မနက်ခင်းလုံး အိမ်မှာနေရင်း ရေကူးဗွီဒီယိုတွေကြည့်နေလိုက်ပြီး နေ့လည်စာစားကာ တရေးတမောအိပ်လိုက်သေး၏။ ထို့နောက် 2နာရီထိုးတော့ ပေကျင်းအားကစားခန်းမဆီကို ရေကူးလေ့ကျင့်ဖို့ သွားလိုက်သည်။ busကားစီပြီးသွားတာကြောင့် နာရီဝက်ကြာအောင် စီးလိုက်ရသည်။

ဟယ်သွမ့်ယန်က သူ့ကိုတွေ့တော့ အံ့သြသွားပြီး သူကတော့ နေသားကျနေပါပြီ။ သူနဲ့ ခနလောက်စကား​ပြောနေရာမှ မကြာခင် ထရိန်နင်က စတင်လာခဲ့သည်။

ထရိန်နင်မှာ လူတစ်ဆယ့်နှစ်ယောက်ပါဝင်ပြီး ကောင်လေးခြောက်ယောက်နှင့် ကောင်မလေးခြောက်ယောက်ဖြစ်ကာ အကုန်လုံးက မင်းရှိနဲ့ စာချုပ်ချုပ်ထားတဲ့ သူတွေပဲဖြစ်သည်။ Swimming Beyond My Lifeမှာ ပါဝင်တဲ့ လူ12ယောက်လုံးက ဒီစီးရီးရဲ့ အဓိကသရုပ်ဆောင်တွေဖြစ်ကြသည်။ ရေကူးတာရဲ့ထုံးစံအရ အဖော်အချွတ်တွေပါတာကတော့ မရှိမဖြစ်တဲ့အရာပဲ ဖြစ်၏။ ဒီနေရာမှာ ရုပ်ချောတာက ဒုတိယ...စွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်တာက ပထမပဲ။ အခုလည်း လူ12ယောက်ထဲမှာ နန်ဟွိုင်လင်က အထင်ပေါ်ဆုံးဖြစ်နေ၏။ ရုပ်ရည်နဲ့ ခန္ဓာကိုယ်ကို ဘေးချိတ်ထားလိုက်ရင်တောင် သူ့ရဲ့ကိုယ်ရောင်ကိုယ်ဝါတောက်ပမှုတွေကြောင့်နဲ့ လူတွေအားလုံးရဲ့စိတ်ဝင်စားမှုကို ဆွဲဆောင်နေခဲ့သည်။

အရင်က ထရိန်နင်တွေမှာ သူပျက်ကွက်ခဲ့တာကြောင့် နည်းပြက နန်ဟွိုင်လင်ကို တစ်ပတ်လောက် ရေကူးပြဖို့ ပြောလာခဲ့သည်။

သူ ရေကူးပြီး ကန်ရဲ့အစွန်းကိုရောက်တော့ နည်းပြက ဆီးကြိုပြောလာ၏။

" မင်းက လေ့လာထားတဲ့ပုံပဲ...ဟုတ်တယ်မလား? "

" ကျတော် အထက်တန်းတုန်းက ကျောင်းရေကူးအသင်းကမို့ပါ "

နည်းပြက ခေါင်းညိမ့်ပြလာ၏။ " မအံ့သြတော့ပါဘူး..မင်းမှာ ဒီလိုကောင်းတဲ့အခြေခံမျိုးရှိလာတာကို...မင်း ထရိန်နင် မဆင်းချင်ရင်တောင် ရတယ် "

ဒါပေါ့...နန်ဟွိုင်လင်ကတော့ ဆက်ပြီး လေ့ကျင့်ရေးတွင် ပါဝင်ခဲ့သည်။

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now