Chapter 53

2.6K 509 29
                                    

ဖေ့ချန် စကားကြောင့် နန်ဟွိုင်လင် ​ခနလောက်ထိ စွံ့အသွားရသည်။ " လိမ်တယ်...ကျတော့်ကို လိမ်သွားတာလား? "

သူ ခနတော့ ကြောင်သွားပေမယ့် ဖေ့ကျန်း သူ့ကို အရူးလုပ်သွားတဲ့အပေါ်မှာ နည်းနည်းလေးမှ စိတ်တိုမှုကို မခံစားရပေ..ထိုအစား ပျော်မြူးရိပ်သန်းနေတဲ့အငွေ့အသက်များက နန်ဟွိုင်လင့်မျက်လုံးထဲတွင် ရုတ်ချည်းဆိုသလို ပေါ်ပေါက်လာခဲ့သည်။

" ဒါဆို...ခင်ဗျား အသက် အရှည်ဆိုမှ အရှည်ကြီးနေလို့ရသေးတယ်ပေါ့နော်? "

သူ ဖေ့ချန်ကို နင့်နှဲစွာစိုက်ကြည့်နေမိရင်း အဖြေကို စိတ်လှုပ်ရှားစွာမျှော်လင့်နေမိသည်။

ထိုအခါ ဖေ့ချန်က သူ့ကို စိတ်ရှည်စွာရှင်းပြလာ၏။ " ပုံမှန်နဂါးတစ်ကောင်ရဲ့ သက်တမ်းက နှစ်ပေါင်း 1800လောက်ရှိတယ်...လေးဆယ့်ကိုးခုမြောက်နဂါးအရိုးကို ချိုးပြီးသွားရင် သူတို့အသက်က သုံးပုံနှစ်ပုံ တိုတောင်းသွားတယ်...အဲ့တော့ နှစ်ပေါင်း​600 အသက်ရှည်နိုင်တယ်ဆိုတဲ့သဘောပဲ "

နန်ဟွိုင်လင် ကိန်းဂဏန်းတွေကို ခနလောက်  တွက်ကြည့်လိုက်သည်။ " အဲ့တာဆို...နှစ်ပေါင်း သုံးရာသုံးဆယ့်ခြောက်နှစ် ကျန်သေးတယ်ပေါ့ "

" အင်း..ဂုဏ်ယူပါတယ်..အဖြေမှန်သွားပြီ " ဖေ့ချန်က သူ့မျက်နှာဆီငုံ့ကိုင်းကာ အနမ်းတစ်ပွင့်ကို ဆုချလာခဲ့တယ် " ကိုယ် မင်းကို အရင်က ပြောခဲ့တယ်လေ..ကိုယ့်ခန္ဓာကိုယ်မှာရှိတဲ့ နဂါးအဆီအနှစ်(အရည်တစ်မျိုး)က အရမ်းစွမ်းတယ်လို့...ကိုယ် မင်းကို နေ့တိုင်း နဂါးအဆီအနှစ်တွေကျွေးနေသ၍ မင်းက ကိုယ်နဲ့အတူတူ အသက်ရှည်ပြီး နေသွားရမှာ..ဒါမှမဟုတ် ကိုယ့်ထက်တောင်ပိုပြီး အသက်ရှည်ချင်ရှည်ဦးမှာ...ပျော်သွားပြီလား? "

နန်ဟွိုင်လင် နဲနဲလေးမှ တုံ့ဆိုင်းမနေပဲ ချက်ချင်း ခေါင်းရမ်းလိုက်မိသည် " ကျတော် ခင်ဗျားထက်ပိုပြီး အသက်မရှည်ချင်ဘူး...ကျတော်က ခင်ဗျားနဲ့ အတူတူနေပြီး အတူတူပဲသေသွားချင်တာ "

ဖေ့ချန် ခေါင်းညိမ့်လိုက်သည် " အိုကေ..အတူတူနေသွားပြီး သေခဲ့ရင်လည်း အတူတူပဲ "

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now