Chapter 58

2.2K 446 6
                                    

ညတုန်းက နှစ်ယောက်လုံး ကြယ်တွေနဲ့ပြည့်နေတဲ့ ကောင်းကင်ကြီးအောက်မှာ အိပ်မောကျသွားပြီး အခု မနက်ခင်းရောင်ခြည်လင်းလာပြန်တော့လည်း အတူတူနိုးထကာ နေ့သစ်တစ်ခုကို အစပြုကြတယ်..နန်ဟွိုင်လင်အတွက်တော့ ဒီထက်ပိုပြီး ပျော်ဖို့ကောင်းတာ မရှိတော့ပေ

နှစ်ယောက်လုံး မထသေးခင် အိပ်ယာထဲ ခနလောက် ပွေ့ဖက်နေကြပြီးမှ မျက်နှာသစ် သန့်ရှင်းရေးလုပ်ဖို့ ထလာကြသည်။

ဖေ့ချန်က သွားတိုက်ဆေး ညစ်နေရင်း အလေးအနက်ထားကာ ပြောလာ၏။ " မိန်းမ...ကိုယ် မနက်စာစားပြီးရင် ကိုယ့်ယောက္ခမကို လက်ထပ်ဖို့ကိစ္စအကြောင်း ပြောမလို့...အဲ့တာကြောင့် ခနရှောင်နေ..မင်းအဖေက မင်းကို နာကျင်အောင် ထပ်မလုပ်အောင် "

နန်ဟွိုင်လင် ရယ်ချင်စိတ်ကို ထိန်းထားကာ အရင်မေးကြည့်လိုက်သည်။ " ခင်ဗျားက ဘယ်လိုစပြောမှာလဲ..ဟမ်?"

" ဒီတိုင်း တန်းပြောလိုက်မယ်လေ..အဲ့ဒီအကြောင်းကိုပဲ...သွယ်ဝိုက်မနေပဲ "

" ကျတော့်အဖေက သဘောမတူဘူး ဆိုရင်ရော? "

ထိုအခါ ဖေ့ချန်က ခနတွေးနေပြီး အတည်ပြောနေတဲ့မျက်နှာဖြင့် ပြန်ဖြေလာသည်။

" အဲ့ဒါဆို ကိုယ် မင်းကို ခိုးပြေးမှာ "

ဖေ့ချန်စကားကြောင့် နန်ဟွိုင်လင် ပါးစပ်ထဲက သွားတိုက်ဆေးအမြှုပ်တွေနဲ့ ချောင်းဆိုးတော့မလို ဖြစ်သွားတာကြောင့် အမြန်ရေဆေးကျင်းလိုက်ရသည်။ ထို့နောက် နန်ဟွိုင်လင် ဖေ့ချန်ခါးကို ဆွဲဖက်ကာ ပြုံးရင်း ပြောလိုက်သည်။

" တကယ်တော့...မနေ့ညတည်းက အဖေက ကျတော့်ကို မိသားစုမှတ်ပုံတင်ပေးပြီးသွားပြီ "

" !!! " ဖေ့ချန်က သူ့ကို ကြောင်တောင်တောင်လေး စိုက်ကြည့်လာသည်။ " တကယ်? "

" တကယ်ပေါ့...ကျတော်က မမိုက်ဘူးလား? "

ဖေ့ချန်က ကြောင်တောင်တောင်နဲ့ ယုံရခက်နေပုံပေါ်သည်။ " ဒါဆို ဘာလို့ မင်းကိုယ့်ကို မနေ့ညတည်းက မပြောတာလဲ? "

" ခင်ဗျား စိတ်လှုပ်ရှားပြီး အိပ်မပျော်မှာစိုးလို့"

ထိုအခါမှ ဖေ့ချန်က အကျယ်ကြီး ထရယ်ပြီး နန်ဟွိုင်လင်မျက်နှာကိုကိုင်ကာ သွားတိုက်ဆေးအမြှုပ်တွေပေနေတဲ့ သူ့ပါးစပ်ကြီးနဲ့ မျက်နှာအနှံ့လျှောက်နမ်းပစ်တော့သည်။

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now