Chapter 48

2.4K 522 23
                                    

" ဘာတွေများတွေးပြီး ရယ်နေတာလဲ? " ကားပေါ်မှာ ထိုင်ပြီးလိုက်လာတဲ့ နန်ဟွိုင်လင်ကို မိန်ထျန်းကျူ တစ်ချက်ကြည့်ကာ မေးမြန်းလိုက်သည်။

" ကျတော် ရယ်နေတာလား?" နန်ဟွိုင်လင် သူ့မျက်နှာကို ခပ်ဖွဖွထိကြည့်လိုက်မိတယ် "....မရယ်ပါဘူးနော် "

" မင်းကားထဲမှာ ထိုင်လိုက်လာကတည်းက ထူးဆန်းနေသလားလို့...ပြောပါဦး..ဘယ်လိုအခိုက်အတန့်ကောင်းလေးတွေများ ကျော်ဖြတ်လာရလို့လဲ? "

ထိုစကားကိုကြားပြီး နန်ဟွိုင်လင်၏နှုတ်ခမ်းအစွန်းလေးများက သိသိသာသာကွေးတက်နေတော့သည်။

" အဲ့ဒါက...ကျတော်..ချစ်မိသွားလို့ "

" ငါပြောသားပဲ..အရင်လတုန်းက မင်းမျက်နှာက အရမ်းကို ညှိုးကျနေတာ..ဒီနေ့ကျတော့ လုံးဝကို ပြောင်းပြန်..အရင်ကမင်းကို ပြန်ရလာသလိုပဲ " မိန်ထျန်းကျူက အပိုမေးခွန်းတွေကို ထပ်ပြီး မေးမြန်းမလာခဲ့ပေ။ သူမက စကားကိုခနရပ်ပြီး ဆက်ပြောလာ၏။ " ငါတို့ကုမ္ပဏီက အနုပညာရှင်တွေရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး အတိအကျ တားမြစ်ထားတာမရှိပေမယ့်လို့ မင်း ဒီကိစ္စကိုဖုံးထားတာပိုကောင်းလိမ့်မယ်..မင်းက အခုမှ အောင်မြင်ဖို့ လမ်းကြောင်းအစမှာပဲရှိသေးတာ..နောက်နှစ်ဆို ကြယ်နိုင်ငံနှင့် Swimming Beyond My Lifeက တစ်ခုပြီးတစ်ခုထွက်လာမှာဆိုတော့ ထင်ထားသလောက်အောင်မှုမြင်မှုမရခဲ့ရင် မင်းအတွက်ခက်ခဲလိမ့်မယ်..ငါပြောတာနားလည်လား..မင်းရဲ့အချစ်ရေးကို ချပြလိုက်ရင် အနာဂတ်မှာ မင်းရဲ့အောင်မြင်ကျော်ကြားမှုကို ထိခိုက်လာနိုင်တယ် "

" အို့.." နန်ဟွိုင်လင် ခေါင်းညိမ့်လိုက်သည်။ " ကျတော် သိပါပြီ "

ထိုအချိန်မှာပဲ နန်ဟွိုင်လင့်ဖုန်းက မြည်လာခဲ့သည်။

ဖုန်းပေါ်က ခေါ်ဆိုသူစာတန်းလေးကိုမြင်တော့ သူပြန်မဖြေခင်မှာ ပြုံးမိတယ်။ " ဟယ်လို? "

အဲ့ဒီ 'ဟယ်လို'ဆိုတဲ့အသံက သူ့ဘေးမှာထိုင်နေတဲ့ မိန်ထျန်းကျူကို ကြက်သီးမွှေးညင်းထအောင် စွမ်းဆောင်နိုင်ပါ၏။ သူမ၏အထက်တန်းကျတဲ့အာရုံတွေနဲ့ဆို အခုခေါ်တဲ့သူက ဘယ်သူလဲဆိုတာ ရှင်းရှင်းကြီးကို သိနေတော့သည်။

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now