chapter 6

3.5K 716 36
                                    

Uni

အဲ့ဒီစကားလုံးတွေက Nan HuaiLinရဲ့ နှလုံးသားကို နည်းနည်းလေးတောင် ဂယောက်ဂယက်မဖြစ်စေပါဘူး။ သူနည်းနည်းတောင် ရယ်ချင်နေသေးတယ်။

ပထမဆုံး သူစွန့်ပစ်ခံခဲ့ရတယ်။ ပြီးတော့ လမ်းခွဲကြေး တစ်မီလီယံဒေါ်လာ ရခဲ့တယ်။ နောက်ပြီး ကုမ္ပဏီအတူတူမှာလုပ်နေတဲ့ အောင်မြင်ကျော်ကြားတဲ့ ယောက်ျားလေးစတားတစ်ယောက်က သူနဲ့အတူအိပ်မလား အမေးခံရတယ်။ ထပ်ပြီး အခု သူ့ရဲ့သကြားဖေဖေဖြစ်ချင်လို့ ငယ်ရွယ်ချမ်းသာတဲ့ကောင်လေးတစ်ယောက်က သူ့ကိုလာရှာတယ်။ ရုတ်တရက် သူက ပုတ်ဟောင်နေတဲ့အမှိုက်ထဲကနေ အရမ်းရောင်းကောင်းတဲ့လူသုံးကုန်ပစ္စည်းတစ်ခု ဖြစ်သွားသလိုမျိုးပဲ။ ရယ်စရာမကောင်းဘူးလား? နေဦး...သူအခုထိ အိပ်မက်မက်နေတာလား? မဟုတ်ရင် ဘာလို့ အဲ့လောက်တောင် ဆိုးရွားနိုင်ရတာလဲ?

"GB Groupက တရုတ်ပြည်မှာရှိတဲ့ အကြီးဆုံးအဝတ်အထည်ကုမ္ပဏီတွေထဲက တစ်ခုပဲ။ သူ့ရဲ့အင်အားကို လျော့တွက်လို့မရဘူး။ ပြီးတော့ Gao Tanက GB Groupရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူ။ သူသာမင်းကို ထောက်ပံ့ခဲ့လို့ရှိရင် မင်းတစ်ညအတွင်း အောင်မြင်နိုင်တယ်" He DingHongက Nan HuaiLin တိတ်တိတ်လေးထိုင်နေတာကိုတွေ့တော့ ခနရပ်သွားတယ်။ ပြီးတော့ ဆက်ပြောတယ်။

"မင်း ဘာတွေးနေလဲဆိုတာ ငါခန့်မှန်းလို့ရပါတယ်။ မင်းရဲ့ ခန္ဓာကိုယ်ကို မညစ်နွမ်းစေချင်ဘူး ဖြစ်နေတာမလား? ဒါပေမယ့် မင်း ဒီအနုပညာလောကကြီးတစ်ခုလုံးကို ကြည့်လိုက်၊ အဲ့ဒါက ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် အရေးမကြီးဘူး။ အဲ့ဒီအကြီးကြီးအောင်မြင်ကျော်ကြားနေတဲ့ ဘယ်စတားတွေကများ မညစ်နွမ်းဖူးတဲ့ ခန္ဓာကိုယ်တွေရှိခဲ့တာလဲ? ဒါပေမယ့် အဲ့ဒီလိုဖြစ်ခဲ့တော့ရော ဘာဖြစ်လဲ? သူတို့မှာ အဆုံးမရှိတဲ့ပိုက်ဆံတွင်းပေါက်ကြီးကိုလုပ်ဖို့ အဆုံးမရှိတဲ့ဇာတ်လမ်းတွေနဲ့ အဆုံးမရှိထောက်ခံတဲ့သူတွေ ရှိနေဆဲပဲလေ။ ဟုတ်တယ်မလား?"

"မင်း ထင်ပေါ်ကျော်ကြားချင်ရင် တစ်ခုခုကိုပေးဆပ်ရမှာပဲ။ မင်း ဖြူဖြူစင်စင်သန့်သန့်ရှင်းရှင်းပဲနေချင်တယ်ဆိုရင် ဘယ်တော့မှဖြစ်မလာတဲ့ အခွင့်အရေးတစ်ခုကို မင်းစောင့်နေလိုက်။ အိုကေ။ မင်းရဲ့ကံကောင်းမဲ့အချိန်လေးကို စောင့်နေချင်သေးရင်တော့ အဲ့ဒီအချိန်ကျရင်လူတွေက မင်းကို နောက်ဆုံးမှပွင့်လာတဲ့ပန်းလေးအဖြစ် ချီကြူးချင်ချီကြူးကြမှာပေါ့။ ဒါပေမယ့် မင်းကအဲ့ဒီအချိန်ကို မစောင့်နိုင်ဘူးဆိုရင် ဘာဖြစ်မှာလဲ? ယောက်ျားလေးသရုပ်ဆောင်တစ်ယောက်အဖြစ် ဆက်သရုပ်ဆောင်နေမှာလား? မင်းက ငယ်ရွယ်နုပျိုတယ် အဲ့တော့ တစ်ယောက်ယောက်ကတော့မင်းကို တကယ်လိုချင်မှာဘဲ။ ဒါပေမယ့် မင်းအသက်ကြီးသွားတဲ့အချိန်ကြရင်ရော? ဘယ်သူမှ မင်းကိုလိုချင်ကြမှာမဟုတ်ဘူး။ ဒီအသိုင်းအဝိုင်းက အရမ်းလက်တွေ့ဆန်တယ်။ တကယ်လို့မင်းက ပေါ်ပြူလာဖြစ်သွားရင် မင်းကအနက်ရောင်ကို အဖြူရောင်လို့ပြောရင်တောင် မှန်နေမှာဘဲ။ ဒါပေမယ့် မင်းကပေါ်ပြူလာမဖြစ်ခဲ့ရင် မင်းဘယ်လောက်ပဲ မှန်တာပြောပြော မင်းသေသွားရင်တောင် ဘယ်သူမှ ဂရုစိုက်ကြမှာမဟုတ်ဘူး"

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now