Chapter 52

2.6K 571 15
                                    

ဖုန်းပြောပြီးနောက် နန်ဟွိုင်လင် ရင်တွေခုန်ပြီး စိတ်လှုပ်ရှားနေတာကြောင့် ဆက်အိပ်လို့မရတော့ပေ။ သူ့လက်မောင်းတွေနဲ့ ဖေ့ချန်အတုကြီးကို ဖက်ကာ အိပ်ယာထဲမှာ ဟိုလိမ့်ဒီလိမ့်လုပ်နေရင်း အချိန်အတော်ကြာသွားပြီး ဘေးနားက ဖုန်းကို ယူကြည့်လိုက်ရာ အခုထိ ခြောက်နာရီတောင် မထိုးသေးပေ။

အိပ်ယာထဲက ထွက်ကာ ပြတင်းပေါက်ဆီကိုသွားပြီး လိုက်ကာကို ဆွဲဖွင့်လိုက်ရာ ကောင်းကင်က ကြည်လင်နေပြီး နံနက်ခင်း နေရောင်ခြည် ထွက်ပေါ်နေပြီဖြစ်သည်။

ဖေ့ချန် ခုနပြောလာတုန်းက သူက အခုမှ လေယာဥ်ပေါ်တက်ခါစပဲရှိပြီး နောက်ထပ် 17နာရီလောက်ထိ လေယာဥ်စီးပြီးမှ ပေကျင်းကိုရောက်မှာတဲ့ - တစ်နည်းအားဖြင့် ပြောရရင် ည 10နာရီကျော်မှပေါ့

ဘုရားရေ..17နာရီကြီးများတောင်..နောက်ဆုံးခြောက်လစောင့်ရတာထက်တောင် ပိုကြာနေသလိုပဲ

သူ လက်နှစ်ဖက်နဲ့ မျက်နှာကိုပွတ်သပ်လိုက်ပြီး စိတ်တည်ငြိမ်သွားစေဖို့ အောက်ဆင်းပြီး ခနလောက် ရေကူးသွားဖို့ ဆုံးဖြတ်လိုက်သည်။ နန်ဟွိုင်လင် ငါးတစ်ကောင်လို လွတ်လပ်စွာ လှည့်ပတ် ကူးနေလိုက်ပြီး မောလာရင် အပေါ်တက် ခနလဲလျောင်း အနားကူကာ အမောပြေတော့ ဆက်ပြီး ရေကူးနေလိုက်သည်။

တစ်နာရီကြာအောင် ရေကူးပြီးတော့ ရေကူးကန်ကို လူတွေရောက်လာတာကြောင့် အဝတ်တွေမြန်မြန်ဝတ်ကာ အိမ်ကို ပြန်လာခဲ့လိုက်သည်။ အိမ်ရောက်တော့ အဝတ်တွေ ပြန်ချွတ်ပြီး ရေချိုးခန်းထဲဝင်ကာ ရေချိုးသန့်စင်လိုက်သည်။

ဖေ့ချန် ပြန်လာပြီ!

ဖေ့ချန် ပြန်လာပြီ!

ထို စာကားလုံးများက သူ့အတွေးထဲမှာ စခရင်မ်ပေါ်က အဆုံးမရှိ ပုံရိပ်တွေလိုပဲ ထပ်ကာထပ်ကာ ပေါ်ပေါက်နေကာ အရူးတစ်ယောက်လို ရယ်မိအောင် လုပ်နေတော့သည်။ နှလုံးခုန်သံတွေက အစိုးမရအောင် ခုန်ပေါက်နေပြီး ခန္ဓာကိုယ် အပူချိန်ကလည်း အဆမတန် မြင့်တက်လာခဲ့သည်။

ရေချိုးခန်းထဲမှာ ရေစင်အောင် သုတ်ပြီး အိပ်ခန်းထဲကို အဝတ်မပါဘဲ လျှောက်လာကာ အိမ်နေရင်း ဘောင်းဘီတိုနှင့်အင်္ကျီကို ဝတ်ဆင်လိုက်သည်။ ထို့နောက် ရုတ်တရက် ဗိုက်ဆာသလို ရှိလာတာကြောင့် မီးဖိုချောင်ထဲသွားပြီး တခုခုစားဖို့ လုပ်လိုက်သည်။ နန်ဟွိုင်လင် ဧည့်ခန်းထဲကို ဝင်လာခါစပဲရှိသေး ရုတ်တရက် သူ့ခြေထောက်တွေက လှုပ်ရှား၍မရအောင် ရပ်တန့်သွားတော့သည်။

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now