Chapter 65

1.9K 329 10
                                    

အစာဝသွားသောအခါ နဂါးပေါက်လေးများက လေထဲတွင် ပျံဝဲရင်း ဆော့ကစားနေကြသည်။

နန်ဟွိုင်လင် လန်စီလော့နဲ့အတူ ပုလင်းတွေဆေးဖို့ ထမင်းစားခန်းဖက်ကို ထွက်လာချိန်တွင် ဖေ့ချန်က သူ့ကို လှမ်းအော်ကာပြောလာသည်။ " မိန်းမ...ဖုန်းလာနေတယ် "

" ဘယ်သူကြီးလဲ? "

" အေးဂျင့်ဆီက "

ထို့ကြောင့် လက်ထဲမှ ပုလင်းများကို ချထားလိုက်ပြီး ဖုန်းဖြေဖို့ ပြန်ထွက်လာခဲ့သည်။

" ဟယ်လို....အမရှန် "

" နန်...မင်း တစ်လခွင့်ယူထားတာ အမသိပါတယ်...ဒါပေမယ့် ဒီအခွင့်အရေးက အရမ်းကောင်းတာမို့ မင်း ရယူသင့်တယ်လို့ အမထင်တယ် "

" ဘယ်လိုအခွင့်အရေးမျိုးမို့လို့လဲ? " နန်ဟွိုင်လင် တည်ငြိမ်စွာ မေးလိုက်သည်။

" မင်း Netflixကို သိတယ်မလား? "

ရုတ်တရက် သူ့နှလုံးသားဆီမှ တုန်ခါမှုတစ်ခုကို ခံစားလိုက်ရ၏။ " သိတာပေါ့ "

" Netflixကနေပြီးတော့ တရုတ်နိုင်ငံကကောလိပ်ကျောင်းသားတစ်ယောက်အကြောင်း ဇာတ်လမ်းတွဲအသစ်ရိုက်ဖို့ လုပ်နေတာ...အဲ့ဒီဇာတ်ကောင်က အကြမ်းဖက်သမားအဖြစ် အစွပ်စွဲခံရတာကြောင့် ကိုယ့်အားကိုယ်ကိုးရင်း အကျဥ်းထောင်ကနေ လွတ်မြောက်အောင်လုပ်ရတဲ့ဇာတ်လမ်းမျိုးပဲ "

ရှန်မင်အန်က သူ့ထက်ပိုစွာ စိတ်လှုပ်ရှားနေပုံရ၏။ " Netflixဆိုတာ USရဲ့ ဒိတ်ဒိတ်ကြဲနာမည်ကြီးဖို့ အကောင်းဆုံးနေရာပဲ...သူတို့ကိုယ်တိုင် ထုတ်လုပ်ပေးမဲ့စီးရီးက ဟောလိဝုတ်ကိုသွားဖို့ မင်းရဲ့လက်မှတ်လို့တောင် ပြောလို့ရတယ်...မင်း ဒီလိုရွှေရောင်အခွင့်အရေးကို အမိအရဆုပ်ကိုင်ထားသင့်တယ်! "

ရှန်မင်အန်က သူ့အဖြေကိုတောင် မစောင့်ပဲ ဆက်ကာပြောလာ၏။ " ဒါနဲ့...နောက်ထပ်သတင်းကောင်းရှိသေးတယ်...'ဖေဖေ'ဇာတ်ကားက Cannesရုပ်ရှင်ပွဲတော်မှာ အဓိကပြိုင်ပွဲဝင်စာရင်းထဲမှာ ပါသွားပြီ...သတင်းက ဒီနေ့ပဲထွက်လာတာ...မင်း ဆုရခဲ့သည်ဖြစ်စေ မရသည်ဖြစ်စေ၊ မေလမှာ Cannesမြို့မှာ ကျင်းပမဲ့ ကော်ဇော်နီပေါ်မှာ လမ်းလျှောက်ပေးရမယ်...'ဖေဖေ'ဇာတ်ကားက ဇွန်လမှာ ပြသမှာဆိုတော့ Cannesကနေ ပြန်လာရင် ပရိုမိုးရှင်းအဖွဲ့တွေနဲ့ ပူပေါင်းပေးရမယ်...တကယ်လို့ မင်းသာ Netflixစီးရီးအသစ်မှာ ခေါင်းဆောင်မင်းသားနေရာကို ရယူနိုင်ခဲ့ဦးမယ်ဆိုရင် သေချာပေါက် အလုပ်တွေ အရမ်းအရမ်းရှုပ်တော့မှာ "

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now