Chapter 31

2.4K 457 19
                                    

Uni

နန်ဟွိုင်လင်နှင့် ရွမ်ရှင်းတို့ အစာစားနေရင်းတန်းလန်း ညစာစားမပြီးခင် ဖေ့ကျန်း၏ဖုန်းခေါ်ဆိုမှုကို ရွမ်ရှင်းက လက်ခံရရှိကာ အလျင်စလို ထွက်ခွါသွားခဲ့သည်။ သီးသန့်အခန်းငယ်ထဲမှာ နန်ဟွိုင်လင် တစ်ယောက်တည်းထိုင်ကာ ညစာဆက်စားနေရင်း ရွမ်ရှင်းပြောခဲ့သည့် "တစ်ကိုယ်ကောင်းဆန်မှု" ဆိုတဲ့ စကားလုံးက ဘာကို ဆိုလိုချင်တာလဲဆိုတာ အရမ်းကို သိချင်နေခဲ့သည်။

ဒါပေမယ့် ရွမ်ရှင်းအပေါ် သူ့ရဲ့နားလည်နိုင်မှုက အကန့်အသက်ရှိတာကြောင့် ဘယ်အရာက သော့ချက်ဖြစ်မလဲဆိုတာကို မဖော်ထုတ်နိုင်ခဲ့ဘူး။ ဒါကြောင့် ဒီကိစ္စအပေါ် သူ့ရဲ့ ဦးနှောက်ဆဲလ်တွေကို အလွန်အကျွံအသုံးချကာ စဥ်းစားပြီး မဖြုန်းတီးချင်တော့ဘူး။

နန်ဟွိုင်လင် လူနှစ်ယောက်စာအတွက်မှာယူထားတဲ့ အစာတွေ အကုန်လုံးကို စားဖို့ကြိုးစားလိုက်ပေမယ့် ဗိုက်တင်းသွားပြီ ဖြစ်တာကြောင့် အကုန်မစားနိုင်ဘူး။ ပုံမှန်တိုင်းဆို ဒါတွေကို ပါဆယ်ထုတ်ဖို့လုပ်မှာဖြစ်ပေမယ့် အခု သူ ပိုက်ဆံရှိနေပြီဆိုတာ သတိရသွားပြီး ဒီတိုင်းပဲထားခဲ့ကာ ဖြုန်းတီးဖို့ စိတ်ကူးလိုက်ရင်း ဝိတ်တာကိုခေါ်ကာ ငွေရှင်းပြီး ထွက်လာခဲ့လိုက်သည်။ စိတ်ထဲမှာလည်း ကိုယ့်ကိုကိုယ် ကျေနပ်မှုတွေနှင့် အောင်မြင်မှု အပိုင်းအစသေးသေးလေးရဲ့ အနံ့ကို ခံစားနေမိသည်။

ဒီနေရာက အိမ်နဲ့ အရမ်းမဝေးပေမယ့်လို့ ခန္ဓာကိုယ်က မလိုအပ်တဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေဖို့ နန်ဟွိုင်လင် လမ်းလျှောက်ပြန်ရန် လုပ်လိုက်တယ်။

ညအမှောင်က ဖုန်းလွမ်းလာပြီဆိုပေမယ့် နေ့ခင်းဘက်ရဲ့ အကြွင်းအကျန် အပူရှိန်တွေက ရစ်ဝဲနေဆဲဖြစ်ပြီး ညလေအေးနဲ့ ပေါင်းစပ်သွားတဲ့အခါ နွေရာသီရဲ့ အရသာက ပေါ်လွင်လို့နေသည်။

Wangfujing လမ်းက လူတွေရဲ့ ပျားပန်းခပ်လှုပ်ရှားမှုတွေကြားမှာ ရှုပ်ထွေးလို့ နေသည်။

ဒီလို ယောက်ယက်ခက်သွားလာနေတဲ့ လူအုပ်ကြီးထဲရောက်နေတာကိုပဲ နန်ဟွိုင်လင်ကတော့ ပြောင်းပြန်အမြင်နဲ့ အရမ်းကို ငြိမ်းချမ်းနေတယ်လို့ ခံစားနေရသည်။

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now