Chapter 29 (Part 2)

2.2K 450 12
                                    

နန်ဟွိုင်လင် Sofitelဟိုတယ်ကို ရောက်တော့ 9နာရီကျော်ကျော်ပဲ ရှိသေးတယ်။

ခေါင်းဆောင်မင်းသားနှင့် မင်းသမီးက အခုထက်ထိ မရောက်သေးပေမယ့် ဒုတိယမင်းသမီး ကျန်းကျားဝမ်ကတော့ အစောဆုံးရောက်နေပြီး နားနေခန်းထဲမှာ သူ့ရဲ့မိတ်ကပ်ကို ပြန်ပြီးပြင်ဆင်နေတယ်။

ကျန်းကျားဝမ်ကလည်း မင်းရှိရဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး သူ့မရဲ့အရင်မန်နေဂျာကလည်း ဟယ်တင်းဟုန်ပဲ။ ဒါကြောင့် သူမနှင့် နန်ဟွိုင်လင်က တစ်ယောက်ကိုတစ်ယောက် အစိမ်းသက်သက်မဟုတ်ပဲ သိနေပြီးသားလို့ ပြောလို့ရတယ်။

အခု သူတို့နှစ်ယောက်အတူဆုံသွားတော့ ကျန်းကျားဝမ်က ပြုံးပြလာပြီး "နောက်ဆုံးတော့ မင်း နေရာတစ်ခုရအောင်လုပ်နိုင်ခဲ့တာပဲ။ မင်းရဲ့ဇာတ်ကောင်နေရာက ဗီလိန်ဆိုပေမယ့် ထူးထူးခြားခြားကောင်းမွန်ပြီး ပေါ်ပေါ်လွင်လွင်ရှိတယ်ဆိုတော့...မင်း ဖန်တွေအများကြီးရဲ့ အာရုံကို ဆွဲဆောင်နိုင်မှာပါ..."

နန်ဟွိုင်လင်လည်း ပြန်လည်ပြုံးပြလိုက်ကာ "လူတော်တော်များများကတော့ အဲ့လိုပြောကြတာပဲ..."

ရုတ်တရက် ကျန်းကျားဝမ်ရဲ့ပုံစံက တည်ကြည်လေးနက်သွားတယ်။ "ငါ မင်းကို အရမ်းပြောချင်နေတာတစ်ခု ရှိတယ်...ကျေးဇူးပါပဲ.."

နန်ဟွိုင်လင် အနည်းငယ်တွေဝေသွားတယ်။

"ဘာအတွက် ကျတော့်ကို ကျေးဇူးတင်တာလဲ?..."

"အနီရောင်ကြိုးကြာကို မင်း ကန်ထုတ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်တာပါ..." အဲ့စကားကို ပြောနေချိန် ကျန်းကျားဝမ်ရဲ့မျက်နှာပေါ်မှာ မနှစ်မြို့မှု၊ စက်ဆုတ်မှုအရိပ်အရောင်တွေ ဖြတ်ပြေးနေတယ်။ " ငါ သူနဲ့ထပ်ပြီးတော့ အတူမရပ်တည်နိုင်တော့ဘူး။ သူက အရမ်း ရွံ့ဖို့ကောင်းတယ်။ ငါ သူ့ကို မြင်မိရင် ပြေးတောင် အန်ချင်တယ်.."

နန်ဟွိုင်လင် အဲ့ဒီအကြောင်းတွေကို ထပ်ပြီး ပြောချင်စိတ်ရှိမနေတော့တာကြောင့် ပြန်ဖြေမနေဘဲ စကားလွှဲလိုက်တယ်။

" အခုရော မင်းရဲ့မန်နေဂျာက ဘယ်သူလဲ? "

" ကျူးကျန့်ယင်...ရှန်ချုန်းနဲ့ အေးဂျင့် အတူတူပဲ..မင်းရော? "

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now