01 [Zawgyi]

2.4K 77 0
                                    

[Zawgyi]

သိုင်းလောကတွင် ကောင်းကင်ဘုံတံခါးပေါက် ၄ပေါက် ရှိပါ၏။ ၎င်းတို့မှာ တုံးဖန်(အရှေ့အရပ်)၊ နန်ကုံး(တောင်အရပ်)၊ ရှီးမန်(အနောက်အရပ်)နှင့် ပေထန်(မြောက်အရပ်) တို့ ဖြစ်ကြသည်။

ထို့အတူ လောကကြီးကို မှောက်လိုကမှောက်၊ လှန်လိုကလှန်နိုင်သည့် အစွမ်းရှိသော ဂိုဏ်းအရှင်သခင်များလည်း ရှိကြပါသည်။ မည်သူတဦးတယောက်ကမျှ ထိုအရှင်သခင်များ၏အစွမ်းပကား မည်ရွေ့မည်မျှရှိကြသည်ကို မသိကြပါ။ ထိုသူများမှာတော့ တုံးဖန်းရှီး၊ နန်ကုံးယန်၊ ရှီးမန်ယွဲ့နှင့် ပေထန်အောက်တို့ ဖြစ်ကြသည်။

တုံးဖန်းရှီးသည် အထိန်းအကွပ်မဲ့သူ ဖြစ်ပြီး ပန်းမန်များ ရှာဖွေခြင်းကိုသာ စိတ်ဝင်စားကာ အရှေ့အရပ်ဂိုဏ်းရှိ မည်သည့်ကိစ္စရေးရာကိုမျှ အာရုံမရှိပေ။

နန်ကုံးယန်သည် ကောင်းကင်တံခါးပေါက်လေးပေါက်၏ အရှင်သခင်ဖြစ်ကာ ရင့်ကျက်တည်ငြိမ်ပြီး တာဝန်ယူတတ်သူလည်း ဖြစ်သည်။

ရှီးမန်ယွဲ့ကတော့ မာနကြီးကာ ဗိုလ်ကျတတ်သူဖြစ်ပြီး အနောက်အရပ်ရှိ အရေးကိစ္စမှန်သမျှကို လျစ်လျူရှုထားတတ်သူ ဖြစ်သည်။ သူ၏စိတ်ထဲ ဘာရှိလဲ မည်သူမျှ မမှန်းဆနိုင်ပေ။

ပေထန်အောက်သည် အေးစက်စက်နိုင်ကာ မာနကြီးပြီး နယ်ပယ်အရေးကိစ္စများတွင် နစ်မြုပ်နေတတ်ကာ ခန့်မှန်းမရနိုင်သောသူ ဖြစ်သည်။ မြောက်အရပ်ရှိ အရေးကိစ္စဟူသမျှကို တင်းကျပ်ထားသည်။ သူသည် အကြင်နာမဲ့သော်လည်း သူ၏ လုပ်ရည်ကိုင်ရည်မှာ နည်းစနစ်ကျလှပေသည်။

ယခုနှစ်တွင်တော့ ကောင်းကင်တံခါးလေးပေါက်၏ ဂိုဏ်းအရှင်သခင်များ စုဝေးကာ ကျင်းပခဲလှသော နှစ်ကုန်ပွဲတော်ကျင်းပမည်ဖြစ်သည်။ ထိုပွဲတော် ကျင်းပရသည်ကလည်း ယခုနှစ်ထဲတွင် ဝမ်းမြောက်ရမည့်ကိစ္စကြီးတရပ် ဖြစ်ပွားခဲ့သောကြောင့်ပင်။

လွန်ခဲ့သည့် ၆လက မြောက်အရပ်တံခါးသခင်ဖြစ်သည့် ပေထန်အောက်သည် မြောက်အရပ်ကောင်းကင်တံခါးကို စစ်ဆေးရန်အတွက် စေလွှတ်ခြင်းခံရပြီးနောက် သူပုန်များကို နှိမ်နင်းနိုင်ခဲ့ရုံသာမက စေ့စပ်ကြောင်းလမ်းထားသောသူ လင်ယန်ယန့်ကို အပါခေါ်လာနိုင်ခဲ့လေသည်။

Broken BondsWhere stories live. Discover now