Chapter 57

2.4K 315 9
                                    

[Unicode]

ကလေးငယ်သည် မိခင်ဝမ်းထဲ၌ ရှစ်လသာ နေခဲ့ရသည်။

လမစေ့ဘဲ မွေးဖွားခဲ့ခြင်းကြောင့် ချည့်နဲ့ကာ ငိုသံတောင်မှပင် ကြောင်အော်သံလောက်သာ ထွက်နိုင်လေ၏။ လောကကြီးထဲသို့ စောစီးစွာရောက်ရှိလာသည့် သားငယ်လေးကြောင့် ပေထန်အောက်မှာ သားကြီးဖြစ်သူ၏ မွေးနေ့ပွဲကို ဆင်နွှဲရန် ဝါးရုံဥယျာဉ်သို့ပင် ရောက်မလာနိုင်ခဲ့ပါ။

နောက်တရက်တွင်တော့ ယန်ဖေးလီသည် ရှန်မိန်ခြံဝင်းမှ သတင်းစကား ကြားခဲ့ရပါသည်။ လိပ်ပြာမလုံမှု၊ နာကျင်မှု၊ ဝမ်းနည်းမှု၊ စိတ်ပျက်အားငယ်မှု၊ မနာလိုမှု တစွန်းတစလေးတို့ဖြင့် နှလုံးသားမှာ လေးလံနေရပါ၏။

ပေထန်အောက်သည် ဇနီးဖြစ်သူအား စိတ်ပါလက်ပါဖြင့် အဖော်လုပ်ပေးရန် အခွင့်အရေးအပြည့်အဝရှိသော်လည်း သူသည် နှလုံးသားထဲရှိ အမျိုးစုံသော ခံစားချက်များအား မထိန်းချုပ်နိုင်ခဲ့ပါပေ။

သူ့ကဲ့သို့ပင် ပေထန်အောက်သည်လည်း တသက်လုံး မဖြစ်ခဲ့ဖူးသည့် တွေဝေခြင်းနှင့် ရှုပ်ထွေးခြင်းတို့က သူ့အား ကြီးစိုးနေခဲ့သည်။ လိမ္မာပါးနပ်ပြီး နူးညံ့သိမ်မွေ့လှသည့် လင်ယန်ယန့်သည် လီအာ့မိခင်နှင့် ပတ်သက်၍ ထိုကဲ့သို့ ခေါင်းမာနေလိမ့်မည်ဟု ပေထန်အောက် မမျှော်လင့်ခဲ့ပါ။ လင်ယန်ယန့်အား မုသားမဆိုခဲ့သည့်အတွက် သူသည် နောင်တပင်ရနေခဲ့မိသည်။

သို့သော်လည်း တဖက်တွင် သူသည် လက်လွတ်စပယ် ပြုမူခဲ့သော်လည်း တဖက်တွင်တော့ ယန်ဖေးလီသည် အသက်ရှင်နေဆဲဖြစ်ရာ ယန်ဖေးလီ ပျက်စီးမည့်အလုပ်ကို သူသည် အဘယ်မှာလုပ်ဝံ့မည်နည်း။

အကယ်၍သာ ယန်ဖေးလီ၏ ထူးခြားသည့် ခန္ဓာကိုယ်ကြောင့်သာ မဟုတ်ပါလျှင် လီအာလေးသည်လည်း ဖြစ်တည်လာမည် မဟုတ်ပေ။ သို့သော်လည်း အဆိုပါဖြစ်ရပ်သည် မည်သူကမျှ ထည့်တွက်မထားခဲ့သည့် မတော်တဆမှုလေးသာလျှင် ဖြစ်ပြီး ယခုတွင်တော့ သူသည် သူ့အမှားကြောင့် တွေဝေနေရပေပြီ။

သို့သော်ငြားလည်း တစုံတယောက်အား သဘောကျခြင်း၊ ချစ်မြတ်နိုးခြင်းအမှုမှာ လူသားမျိုးနွယ်တို့ ပြုလုပ်နိုင်သည့် အမှုသာလျှင် ဖြစ်ပေသည်။

Broken BondsWhere stories live. Discover now