Chapter 31 + 32 + 33 [Unicode]

3.1K 361 62
                                    

[Unicode]

အံ့ဩထိတ်လန့်သွားသော ယန်ဖေးလီသည် ပေထန်အောက်အား စိုက်ကြည့်နေလေသည်။

ယန်ဖေးလီ၏ မျက်နှာရိပ်မျက်နှာကဲကို ကြည့်ရင်း သူ့စကားများသည် ယန်ဖေးလီ၏ နှလုံးသားအား တမျိုးတဖုံ ပြောင်းလဲပေးလိုက်သည်ဟု ပေထန်အောက် သိလိုက်သည်။

"ဂိုဏ်းအရှင်... ဒါ ဘာကိုဆိုလိုတာပါလဲ" ယန်ဖေးလီ၏ အသံမှာ မယုံကြည်နိုင်မှုကြောင့် တုန်လှုပ်နေလေသည်။

"ဆိုလိုတာက မင်းက ကလေးနဲ့ တွေ့ခွင့်ရှိမယ်လို့..."

ယန်ဖေးလီသည် ပေထန်အောက်၏ လက်အား ဖမ်းဆုပ်လိုက်သည်။

"ဂိုဏ်းအရှင်..."

စိတ်လှုပ်ရှားနေသည့် ယန်ဖေးလီအား ကြည့်ရင်း ပေထန်အောက်သည်လည်း ပျော်ရွှင်မိပါသည်။

"ဖေးလီ... မင်း ပြည့်ပြည့်ဝဝ ပြန်ကျန်းမာလာပြီး ဒီအရှင်သခင်နဲ့ ကောင်းကင်ဘုံတံခါးကို ပြန်လိုက်သရွေ့ လီအာ့ကို တွေ့လို့ရနိုင်မယ်"

ဒီရက်ပိုင်းအတွင်းတွင် ကောင်းကင်ဘုံတံခါးသို့ ပြန်မည့်အကြောင်းအား တွေးတိုင်း ယန်ဖေးလီမှာ စိတ်မသက်သာလှပါချေ။ သို့သော်လည်း ယခုတွင်တော့ မြန်နိုင်သမျှမြန်မြန်သာ ပြန်ချင်နေမိတော့သည်။ လီအာ့အကြောင်း တွေးမိရင်းနှင့်မှ မနေနိုင်တော့ဘဲ မေးမိလေတော့သည်။

"လီအာလေး... သူ... သူ ဘယ်လိုနေလဲ။ ဘယ်လိုပုံစံလေးရှိလဲ။ ဂိုဏ်းအရှင်ကော သူ့ကို တွေ့ပြီးပြီလား"

"အင်း... လီအာလေးက အရမ်းကြည့်ကောင်းတယ်။ ဖြူဖြူတုတ်တုတ်လေး။ အရမ်းလည်း ချစ်ဖို့ကောင်းတယ်။ မင်းဆီကို မထွက်လာခင်က ကိုယ် တခေါက်သွားတွေ့လိုက်သေးတယ်။

ယန်ဖေးလီ၏ နှလုံးသားမှာ ပျံထွက်သွားလုတော့မတတ်ပင်။ လီအာလေးကို ပုံဖော်နေရသည်မှာလည်း အမော။ ခန္ဓာကိုယ်လေးက အိအိဖောင်းဖောင်းလေး၊ မျက်လုံးနားမှာလည်း အရစ်အကြောင်းလေးတွေနဲ့၊ သူ့ရင်ခွင်ထဲ ကျရောက်လာခဲ့ဖူးသည့် လက်သီးဆုပ်ကလေး... သူ ပြန်တွေးကြည့်မိလိုက်သည်။ ကလေးငယ်သည် ယခုအခါ မည်သို့သော ပုံသဏ္ဍာန်ရှိလိမ့်မည်နည်း သူ မသိတော့ပါ။

Broken BondsOù les histoires vivent. Découvrez maintenant