Chapter 72

2.7K 385 22
                                    

[Unicode]

အနောက်ဘက်ဆီမှ ရေးရေးထွက်လာသည့် မြင်းခွာသံကို ယန်ဖေးလီ ကြားလိုက်ရသောကြောင့် အနောက်သို့ လှည့်ကြည့်လိုက်သည်။

ထိုလူသည် သူ တချိန်လုံး တောင့်တခဲ့ရပြီး ထားရစ်ခဲ့ရသည့် လူ။

သူသည် ပိုလို့တောင် လန့်ဖြန့်သွားခဲ့ပြီး မြင်းကို တက်သုတ်ရိုက်နှင်လိုက်သည်။


ကျယ်ပြောလှသည့် မြက်ခင်းပြင်ပေါ်တွင် စိန်ပြေးတမ်းကစားနေကြသည့် ပုံရိပ်နှစ်ခုမှာ တဖြည်းဖြည်း နီးကပ်၍ လာခဲ့ချေပြီ။

မော့ရွှယ်၏ ခွာလေးဖက်မှာ သာမန်မြင်းများနှင့်မတူ ပျံသန်းနေသကဲ့သို့ပင်။ ယန်ဖေးလီသည် ကြောက်လန့်တကြားဖြင့် တောင်ကြားလမ်းထဲသို့ ဝင်လိုက်သည်။

"ယန်ဖေးလီ" ပေထန်အောက် ဟစ်အော်လိုက်သည်။

သူ့ပုံစံမှာ စွန်ရဲငှက်ကြီး လေထဲတွင် အတောင်ဖြန့်နေသကဲ့သို့ပင်။ ယန်ဖေးလီ ဘာမှတောင် ပြန်မတုံ့ပြန်နိုင်ခင်မှာပင် ပေထန်အောက်သည် သူ့အနောက်နားသို့ ရောက်လာခဲ့ပြီး ယန်ဖေးလီလက်ကို ဆွဲကာ မြင်းဇက်ကြိုးကို ဆောင့်ဆွဲလိုက်သည်။

ကဆုန်ပေါက်နေသည့် မြင်းနှစ်ကောင်မှာ ဟီပြီး ရပ်တန့်သွားခဲ့သည်။

ပေထန်အောက်ကြောင့် ဘာမှ မပြင်ဆင်နိုင်သေးခင်မှာပင် နှစ်ယောက်လုံးမှာ မြေကြီးပေါ်သို့ လိမ့်ကျသွားခဲ့ရတော့သည်။

မြေကြီးနှင့် ထိထိချင်း ယန်ဖေးလီသည် ကုန်းရုန်းထကာ ထွက်ပြေးရန်ကြိုးစားခဲ့ပါသေး၏။

သို့သော်လည်း ပေထန်အောက်မျာ သူ့အား ဆွဲထားခဲ့ခြင်းကြောင့် ယန်ဖေးလီသည် မြေကြီးပေါ်သို့ တဖန် ပြုတ်ကျခဲ့ရပါသည်။ ပေထန်အောက်သည် သူ့အား လျှောချပြီး လက်ကောက်ဝတ်ကို မြဲမြဲဆုပ်ကိုင်ထားလိုက်တော့သည်။

နှစ်ဦးသားမှာ အစိမ်းရောင်မြက်ပင်များကြားထဲတွင် ငြိထွေးရစ်ပတ်နေလေသည်။ ယန်ဖေးလီသည် ရုန်းထွက်နိုင်ရန် ကြိုးစားသော်လည်း အချဉ်းနှီး၊ ပေထန်အောက်၏ ချုပ်ထိန်းမှုကြားတွင် ထပ်တလဲလဲ ပိတ်မိနေလေတော့သည်။

Broken BondsWhere stories live. Discover now