Chapter 70

2.5K 337 12
                                    

[Unicode]

ပေထန်နန်းတော်သည် ဆက်သထားသော မြင်းများကို ပြန်ပို့နေသည်မှာ ၃ကြိမ်မြောက်ရှိသွားပေပြီ။ ပေထန်နန်းတော် ဘာကိုလိုချင်မှန်း မသိနေသဖြင့် လျိုချီးသည် စိတ်မရှည်ဖြစ်လာရပြီ။ စိတ်အနှောင့်အယှက်ဖြစ်စွာ ခေါင်းကို တဗျင်းဗျင်းကုတ်လိုက်သည်။ တခြားသော မြင်းခြံများမှ မြင်းများသည်လည်း ပြန်အပို့ခံရကြောင်းကိုလည်း သူ ကြားသိခဲ့ရသည်။

"ရှောင်ယန်... သူတို့က ဘယ်လိုမြင်းမျိုးကို လိုချင်တာလဲ။ ပေထန်ဝမ်ရဲ့ မြင်းက ရှားပါးမြင်းမျိုးမဟုတ်ဘူးလား"

ယန်ဖေးလီ ခေါင်းညိတ်လိုက်ပြီး -

"မော့ရွှယ်က တကယ်ကို ရှားပါးမြင်းမျိုးပါပဲ"

"ဒါဆို ငါတို့ ဘာလုပ်ရတော့မလဲ။ ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ မြင်းတွေအကုန် ငါတို့ ပို့ထားတာ။ ဒါပေမဲ့ အခုထိ သူတို့ဘက်က စိတ်တိုင်းမကျဘူးဆိုတာချည်းပဲ။ ငါတို့လည်း ဒီထက်ပိုပြီး မတတ်နိုင်တော့ဘူး"

ယန်ဖေးလီသည် တခဏလောက် စဉ်းစားပြီး ပြောလိုက်သည်။

"တလောက ကျွန်တော် ဖမ်းခဲ့တဲ့ မြင်းရိုင်းတွေထဲက တကောင်က တကယ့်ကို ရှားပါးမြင်းကောင်းမျိုးပဲ"

"ဘာရယ်"

လျိုချီး အံ့ဩသွားမိသည်။

"မြင်းဘုရင်ရဲ့ အမေလား"

ဒီနှစ် နွေဦးပေါက်စတွင် ယန်ဖေးလီသည် မြင်းရိုင်းတအုပ်ကို မောင်းသွင်းလာခဲ့သည်။ ဒါဇင်မျှသော မြင်းရိုင်းများသည် သန်မာပေါ့ပါးဖျတ်လတ်ပြီး လေအလျင်လို ပြေးနိုင်ကြသည်။ ထိုထဲမှ မြင်းဘုရင်သည် မော့ရွှယ်နှင့် ယှဉ်နိုင်သည့် ရှားပါးမြင်းမျိုးဖြစ်သည်။ ထိုမြင်းကို ဖမ်းဖို့ ယန်ဖေးလီရော လျိုချီရော အတော် အားထုတ်ခဲ့ရပြီး တခြားမြင်းများနှင့်လည်း သီးခြားခွဲထုတ်ထားခဲ့ရသည်။ ရှားပါးမြင်းမျိုးများနှင့် သာမန်မြင်းများမှာ ကွာခြားလွန်းလှသည်။ အဆိုပါ မြင်းဘုရင်၏ အမေမြင်းသည် ရှားပါးကာ မြင်းကောင်းမြင်းသန့်မျိုးဖြစ်ပြီး မော့ရွှယ်နှင့်လည်း အသက်အတူတူလောက်ပင်။

Broken BondsWhere stories live. Discover now