Chapter 36

2.7K 356 6
                                    

[Unicode]

"ကြည့်ရတာ စစ်သူကြီးယန်က အမြော်အမြင်ရှိတဲ့ပုံပဲ"

"ကျွန်တော်ကြားဖူးတာကတော့ စစ်သူကြီးဝူကျယ်က ယူနန်မျိုးနွယ်စုရဲ့ ပထမတန်းစားစစ်သူကြီးပဲတဲ့။ ကျွန်တော်မျိုးယန်ကတော့ စစ်သူကြီးကို ယောက်ျားကောင်းတယောက် ဖြစ်မယ်ထင်ထားတာ။ ဒါပေမဲ့ ဒီနေ့တွေ့လိုက်ရတော့ ဟုတ်မနေဘူးပဲ" ယန်ဖေးလီသည် မျက်မှောင်ကြုတ်လိုက်ပြီး ဖျော့တော့စွာ ပြောလေ၏။

ဝူကျယ်၏ မျက်နှာထားမှာ ပြောင်းလဲသွားပြီး...

"လှည့်ကွက်သုံးခဲ့တဲ့အပေါ် ဒီကစစ်သူကြီးကို သရော်နေတာထင်ပါရဲ့"

"မဝံ့ပါဘူး... ကျွန်တော်သိထားတာကတော့ စစ်မြေပြင်က နာကြည်းမှုကို စစ်မြေပြင်မှာပဲ ဖြေရှင်းဖို့ပါပဲ။ ဒါပေမဲ့ စစ်သူကြီးက ကျွန်တော်မျိုးယန်ကို အတော်လေး စိတ်ပျက်စေပါတယ်"

"ဟမ့်... ဒါဆိုလည်း နိမ့်ကျလက်စနဲ့မှ ဆက်နိမ့်ကျလိုက်ပါတော့။ ကျွန်တော်တို့ယူနန်လူမျိုးတွေက အလယ်ပိုင်းဒေသကလူတွေလို ဟန်ဆောင်ဆက်ဆံရတာကို သဘောကျလေ့မရှိကြဘူးလေ" ဝူကျယ်အနောက်မှ အနက်ရောင်ဝတ်လူက အေးဆေးစွာ ရှင်းပြ၏။

"ညီကို သတ်ထားတဲ့ ရန်ကြွေးကို ဘယ်လိုလုပ် ပြန်မယူလို့ရပါ့မလဲ။ တကယ်လို့ စစ်သူကြီးသာ စစ်မြေပြင်ကနေ ထွက်မသွားခဲ့ဘူးဆိုရင် ဒီအထိလည်း လိုက်ဖမ်းရမှာ မဟုတ်ပါဘူးလေ" ဝူကျယ်က အေးစက်စက်နိုင်စွာ ပြောသည်။

"ထွက်သွားတယ်တဲ့လား" ယန်ဖေးလီသည် ပြုံးလိုက်ရင်း...

"ကျွန်တော်မျိုးယန်က စစ်မြေပြင်မှာ တိုက်လာခဲ့တာ နှစ်တွေအကြာကြီးရှိလှပါပြီ။ လက်အောက်ငယ်သားတွေ သေကြေပျက်စီးကြတာလည်း မရေမတွက်နိုင်အောင်ပါပဲ။ ဘာလို့များ လူထပ်သတ်လိုက်ရုံနဲ့ ထွက်ပြေးနိုင်မလဲ။ ဒိအပြင် ကျွန်တော်မျိုးယန်က သူက ဘယ်သူနဲ့ ညီအစ်ကိုတော်စပ်မှန်းတောင် မသိရပါဘူး။ သူ့ကို သတ်လိုက်ရင်တောင် ကျွန်တော်တို့က ရန်သူတွေပဲလေ။ မိတ်ဆွေတွေမှ မဟုတ်တာ။ စစ်မြေပြင်မှာ ဒီကညီအစ်ကို သေရင်သေ၊ မသေရင် ကျွန်တော်သေရမှာပဲလေ မဟုတ်ပါကလား။"

Broken BondsWhere stories live. Discover now