Chapter 23

3K 406 24
                                    

ရှင်းလင်းချက်

Etrans မှာကလေ Dian people လို့ ဘာသာပြန်ထားလို့ အိုင်လည်း တျန့်လူမျိုးလို့ မြန်မာပြန်လိုက်တာ. မသင်္ကာလို့ တရုတ်စာနဲ့ တိုက်ရှာတော့မှပဲ အဲဒါက ယူနန် ဖြစ်နေတယ်.

စာတွေကို သေချာမစစ်ဘဲ မြန်မြန် update ပေးချင်ခဲ့တဲ့ အိုင့်အမှားပါ. အခုအပိုင်းကစပြီး ယူနန်လူမျိုးလို့ ပြင်ရေးလိုက်ပါတယ်. အရှေ့က အပိုင်းတွေအတွက်ကိုတော့ နောက်မှ ပြင်ပေးတော့မယ်နော်.


[Unicode]

ပြားချပ်ချပ်ဖြစ်နေဆဲ ဝမ်းဗိုက်အောက်ပိုင်းကို ယန်ဖေးလီ ကြည့်လိုက်သည်။ ဝမ်းဗိုက်အတွင်းမှ အတောမသတ်နိုင်သည့် ဆုတ်ဖြဲနေသလို နာကျင်မှုက သူ့အာရုံကြောတွေကို နှိုးဆွလှုံ့ဆောပေးလျက်။

လေညင်းတပွေက ဖြတ်တိုက်သွားသည်။ ခေါင်းမော့ကြည့်လိုက်သောအခါ ရန်သူက ထက်မြလှသည့် ဓားကို ကိုင်ရင်း ရက်စက်ကြမ်းကြုတ်စွာဖြင့် သူ့ဆီ ပြေးလာနေသည်။ ယန်ဖေးလီသည်လည်း အသိစိတ်ကို ပြန်စုစည်းပြီး မတ်တပ်ထရပ်ရန် ကြိုးစားပါသော်လည်း အချည်းနှီးသာ။

ခဏချင်းအတွင်းမှာပင် ထက်မြသည့် ဓားက သူ့ဆီ ရောက်လာသည်။ ယန်ဖေးလီသည်လည်း တားဆီးရန်အလို့ငှာ ခက်ခက်ခဲခဲဖြင့် သူ့ဓားအား အပေါ်သို့ ဝင့်လိုက်သည်။ ဓားအချင်းချင်း ထိခတ်မိပြီးနောက် တဖက်လူ၏ အားက ဓားမှတဆင့် နှလုံးထဲသို့ စီးဝင်သွားသကဲ့သို့။

ယန်ဖေးလီ၏ ဝမ်းဗိုက်မှာလည်း စူးအောင့်နာကျင်နေပြီဖြစ်လေရာ သူ တောင့်မခံနိုင်တော့ပါ။ မြေကြီးပေါ်သို့ ချက်ချင်း လဲကျသွားသည်။

"ဟင်း..." ယန်ဖေးလီသည် သူ၏ အားနည်းချက်အား ထုတ်မပြချင်သော်လည်း ရုတ်တရတ် ဖြစ်ပေါ်လာသည့် နာကျင်ညည်းညူသံက လည်ချောင်းဝမှနေ၍ ခုန်ထွက်လာသည်။

စစ်မြေပြင်မှာပဲ သေချင်နေသလား။ ထိုအတွေးက သူ့စိတ်ထဲတွင် ပေါ်လာလေသည်။

ယန်ဖေးလီမှာ ခုခံနိုင်စွမ်းမရှိတော့သည်ကို ကြည့်ရင်း ရန်သူမှာ သွားဖြဲကာ ပြုံးရယ်လိုက်ရင်း သူ့အား ဓားဖြင့် ထိုးဖို့ပြင်တော့သည်။ အလင်းတန်းမှာ ဖြာခနဲ။

Broken BondsWhere stories live. Discover now